အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီဘာရီ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
480905918
ဘိုင်ယန်မြူးနစ်အသင်းလိုက်ဓာတ်ပုံရိုက်သည့်နေ့ကတွေ့ရသည့် ရီဘာရီ

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရီဘာရီသည်
ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည့်အတွက် ဂရိကလပ် အိုလံပီယာကော့စ်နှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင်
ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေကြောင်း ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ရီဘာရီသည်
ဘိုင်ယန်မြူးနစ်အသင်း၏ ရာသီအစပွဲစဉ်များအားလုံးကို လွဲချော်ခဲ့ပြီး လက်ရှိအချိန်တွင်၎င်း၏နေရာ၌
ဘရာဇီးလက်ရွေးစင်တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာက ခြေစွမ်းပြကစားလျက်ရှိသည်။

“ရီဘာရီရဲ့ ဒဏ်ရာအခြေအနေက တိုးတက်မှုရှိလာခဲ့တဲ့အတွက် မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာပါ။
အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ပြီဖြစ်တဲ့ ကစားသမားတစ်ယောက်အတွက် ပွဲကစားခွင့်က မဝေးတော့ပါဘူး။
ရီဘာရီအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မှာ ပြန်လည်ပါဝင်လာနိုင်သလို ဘွန်ဒက်စ်လီဂါမှာလည်း ပြန်လည်ကစားခွင့်ရတော့မှာပါ” ဟု ရူမင်နစ်ဂီက ဆိုခဲ့သည်။

၂၀၁၅-၁၆ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါပွဲစဉ်များတွင် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသည့် ဘိုင်ယန် မြူးနစ်အသင်းသည်
အခြားတောင်ပံကစားသမားဖြစ်သူ ရော်ဘင်ဒဏ်ရာရရှိနေသည့်အချိန်တွင် အသင်းအတွက် ရီဘာရီပြန်လည်ကစားပေးနိုင်မည့် သတင်းက
နည်းပြဂွါဒီယိုလာအတွက် ဖိအားလျော့စေနိုင်ကြောင်း မီဒီယာများမှဖော်ပြလျက်ရှိသည်။

comments

error: Content is protected !!