အာစင်ဝင်းဂါးနှင့် အသင်းကစားပုံကိုကြိုက်နှစ်သက်၍ ရီးရဲလ်မှ ထွက်ခွာခဲ့သည်ဟု အိုဇဲလ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
464300552
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အိုဇဲလ်နှင့် ၀င်းဂါး

အာဆင်နယ်အသင်းကွင်းလယ်ကစားသမား အိုဇဲလ်က ၂၀၁၃ ခုနှစ်တွင် ရီးရဲလ်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ
အသင်းကစားပုံကိုကြိုက်နှစ်သက်သည့်အပြင် နည်းပြအာစင်ဝင်းဂါးကိုပါ လေးစားသောကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

အိုဇဲလ်သည် အာဆင်နယ်အသင်းနှင့် ၃ ရာသီမြောက်ဖြစ်သည့် ယခုနှစ်တွင် ခြေစွမ်းပြသနိုင်ရန်ကြိုးပမ်းနေပြီး
ယခု ၂၀၁၅ခုနှစ်အတွင်း အသင်းအတွက်အခွင့်အရေး ၇၆ ကြိမ်ပိုင်ဆိုင်စေရန်စွမ်းဆောင်ပေးထားကာ
ပြီးခဲ့သည့်စတုတ်စီးတီးအသင်းအား ၂-၀ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင်လည်း ၀ဲလ်ကော့ဂိုးသွင်းယူနိုင်ရန် ဖန်တီးပေးခဲ့သည်။

ရီးရဲလ်အသင်းမှ ပေါင် ၄၂.၅သန်း ဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းတွင် နည်းပြအာစင်ဝင်းဂါးက ၎င်းအားကူညီထောက်ပံ့ခဲ့ပြီး
အထိုင်ကျစေရန် လမ်းညွှန်ပေးခဲ့ကြောင်း အိုဇဲလ်က ဖွင့်ဟခဲ့သည်။

အိုဇဲလ်က ”ကျွန်တော်မပြောင်းရွှေ့ခင်ကတည်းက အာဆင်နယ်ဟာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့အသင်းဆိုတာ သိပြီးသားပါ။
အသင်းပြောင်းဖို့ဆုံးဖြတ်ခဲ့တာကတော့ နည်းပြအာစင်ဝင်းဂါးက ကျွန်တော့်ကိုအလိုရှိခဲ့လို့ပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!