အရှေ့ဥရောပ၏အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သက်သေပြမည်ဟု ရှက်တာဒိုးနက်ခ် နည်းပြကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482919022
သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရသည့် လူဆက်ကူ

စပိန်ထိပ်သီးရီးရဲလ်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းနည်းပြ လူဆက်ကူက
ချန်ပီယံလောင်းအသင်းနှင့် ရင်ဆိုင်ရမည့်အတွက် ခက်ခဲမည်ကို လက်ခံကြောင်း၊ အနိုင်ရရှိရန် မလွယ်သော်လည်း
အရှေ့ဥရောပ၏အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သက်သေပြမည်ဖြစ်ကြောင်း ကြုံးဝါးပြောကြားလိုက်သည်။

“ရီးရဲလ်အသင်းဆိုတာက ဆယ်စုနှစ်တစ်ခုမက ဥရောပမှာအစဉ်အလာကြီးမားခဲ့တဲ့အသင်းတစ်သင်းပါ။
ထိပ်သီးအသင်းတစ်သင်းဖြစ်တာနဲ့အညီ အနိုင်ရဖို့မလွယ်ကူပါဘူး။ ဒါပေမဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။
နှစ်သင်းလုံးမှာ အခွင့်အရေးညီတူရှိနေတဲ့အတွက် ပွဲကောင်းတစ်ပွဲတော့ဖြစ်လာမှာပါ။ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပေမယ့်
အရှေ့ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ဘာနေဗျူးကွင်းမှာ သက်သေပြသွားမှာပါ” ရှက်တာဒိုးနက်ခ်အသင်းနည်းပြ လူဆက်ကူက ဆိုခဲ့သည်။

ရှက်တာဒိုးနက်ခ်နှင့် ရီးရဲလ်တို့သည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းမရှိခဲ့သည့်အတွက် ရီးရဲလ်နည်းပြဘင်နီတက်ဇ်က
နိုင်ပွဲရရှိရန်ခက်ခဲမည့်ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း အသင်းသားများအား သတိပေးပြောကြားထားခဲ့သည်။

comments

error: Content is protected !!