ချန်ပီယံလိဂ်တွင် မန်စီးတီးခြေစွမ်းပြနိုင်မည်ဟု အသင်းခေါင်းဆောင် ကွန်ပနီ ကြုံးဝါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488174544
ချန်ပီယံလိဂ်သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ကွန်ပနီ

မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီက ယနေ့ညတွင် ဂျူဗင်တပ်နှင့်ယှဉ်ပြိုင်ကစားမည့်
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်သည် မန်စီးတီးအတွက် ခြေစွမ်းကောင်းပြသနိုင်မည့်အချိန်ဖြစ်သည်ဟု ကြုံးဝါးပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ ၂ခုတွင် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်သို့သာ တက်ရောက်နိုင်ခဲ့ပြီး
ဘာစီလိုနာကို အရေးနိမ့်ခဲ့ရသော်လည်း ယခုနှစ်တွင် ခြေစွမ်းကောင်းပြသနိုင်လိမ့်မည်ဟု ကွန်ပနီက ပြောကြားခဲ့သည်။

ကွန်ပနီက ”အရာအားလုံးကောင်းဖို့အချိန်ရောက်နေပါပြီ။ လွန်ခဲ့တဲ့ ၃နှစ်၊ ၄နှစ်ကအကြောင်းကို လူတွေပြောရင်ပြောကြပါလိမ့်မယ်။
အဲဒီတုန်းက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အောင်မြင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။
အခုအချိန်မှာ အဲဒီမှတ်တမ်းဆိုးတွေကို ချန်ရစ်ထားခဲ့ပါတယ်။ အခုနှစ်ပရီးမီးယားလိဂ်မှာ ဆုံးဖြတ်ချက်ကောင်းတွေချမှတ်နိုင်ရမှာဖြစ်သလို
ချန်ပီယံလိဂ်မှာလည်း ဒီအတိုင်းဖြစ်နေရမှာပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက အဖြစ်အပျက်တွေကို
အင်အားအဖြစ်ပြောင်းပြီး ဂျူဗင်တပ်ကိုရင်ဆိုင်သွားရပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!