ကိုယ်ရေးအတ္ထုပ္ပတ္တိရောင်းအားကောင်းရန် ဂျရတ်လိမ်လည်နေဟု ဘင်နီတက်ဇ်တုံ့ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LIVERPOOL, ENGLAND - DECEMBER 08:  (THE SUN OUT) Manager of Liverpool Rafael Benitez chats with his captain Steven Gerrard during a Liverpool training session on December 8, 2009 in Liverpool, England.  (Photo by John Powell/Liverpool FC via Getty Images)
လီဗာပူးတွင် လက်တွဲခဲ့စဉ်က ဂျရတ်နှင့် ဘင်နီတက်ဇ်

လီဗာပူးအသင်းနည်းပြဟောင်းဘင်နီတက်ဇ်က ဂျရတ်မှာ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ရောင်းအားကောင်းရန်
၎င်းတို့ ၂ဦးကြားဆက်ဆံရေးကို လိမ်လည်ရေးသားခဲ့သည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်၏ အဆိုပါစာအုပ်သစ်တွင် နည်းပြဘင်နီတက်ဇ်မှာ
၎င်းအားလူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ မသတ်မှတ်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည့်အတွက်
ဘင်နီတက်ဇ်က ဂျရတ်အား လိမ်လည်ရေးသားသည်ဟု တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဂျရတ်က ”ဘင်နီတက်ဇ်က ကျွန်တော့်ကို လူပုဂ္ဂိုလ်တစ်ယောက်လိုသတ်မှတ်ခဲ့တယ်လို့ မထင်ပါဘူး။
ဘာလို့လဲတော့ ကျွန်တော်အတိအကျမပြောနိုင်ပေမယ့် ကျွန်တော့်အတွက် စိတ်မကောင်းစရာပါပဲ”ဟု
ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါရေးသားချက်နှင့်ပတ်သက်၍ လက်ရှိရီးရဲလ်အသင်းနည်းပြဘင်နီတက်ဇ်က
”ကျွန်တော် အဲဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ သူ့ဘက်ကမှားယွင်းနေတယ်လို့ ယုံကြည်တယ်။
ဂျရတ်ရဲ့စွမ်းရည်၊ လီဗာပူးနဲ့ အသင်းပရိသတ်တွေကိုကျွန်တော်လေးစားပါတယ်။
အကောင်းဆုံးဖြတ်သန်းခဲ့တယ်လို့ ကျွန်တော်ယူဆတယ်။ သူကစာအုပ်တစ်အုပ်ထုတ်တဲ့သူ၊ ကျွန်တော်က ရီးရဲလ်အသင်းနည်းပြ။
စာအုပ်ရောင်းကောင်းဖို့ အခုလိုရေးတာလို့ ထင်တယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!