ချန်ပီယံလိဂ်မှာ ဆွဲဆောင်မှုရှိပြီး ခက်ခဲသည့် ပြိုင်ပွဲတစ်ပွဲဟု ဆီဗီလာနည်းပြမှတ်ချက်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474884870
ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့စဉ်က ယူနိုင်းအမ်မရီအားတွေ့ရစဉ်

ဆီဗီလာနည်းပြ ယူနိုင်းအမ်မရီက  ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းအတွက်ဆွဲဆောင်မှုရှိသည့် ပြိုင်ပွဲဖြစ်သည့်အပြင်
နိုင်လိုစိတ်ပြင်းထန်သည့်အသင်းများကြောင့် ခက်ခဲသည့် ပြိုင်ပွဲဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားသွားခဲ့သည်။

စပိန်ထိပ်သီးဆီဗီလာအသင်းသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီ၌ အမှတ်ပေးဇယား အဆင့် ၄ နေရာကို မရယူနိုင်ခဲ့သော်လည်း
ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်အတွက် အသစ်ရေးဆွဲထုတ်ပြန်ခဲ့သည့် ဥရောပဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ်အရ
ချန်ပီယံလိဂ်ပြိုင်ပွဲအား အုပ်စုအဆင့်မှစတင်၍ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ၌
စပိန်လာလီဂါကိုယ်စားပြု အသင်းငါးသင်းအထိ စံချိန်တင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

“ဆီဗီလာအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သည့် အချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ပြိုင်ခွင့်ရတဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်။
ဥရောပရဲ့ ထိပ်တန်းအသင်းတွေသာဝင်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိသလို အံအားသင့်ဖွယ် ပြိုင်ပွဲတစ်ခုပါ။
နိုင်လိုစိတ်ပြင်းထန်တဲ့ ပြိုင်ဘက်အသင်းတွေကြောင့် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ရပ်လို့ လက်ခံထားပါတယ်” ဟု ဆီဗီလာနည်းပြယူနိုင်းအမ်မရီက မှတ်ချက်ပြုခဲ့သည်။

comments

error: Content is protected !!