မန်ယူတွင် ဒီပေး၏ ခြေစွမ်းပိုကောင်းလာမည်ဟု ပီအက်စ်ဗီနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488190088
ချန်ပီယံလိဂ်သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒီပေး

ပီအက်စ်ဗီအသင်းနည်းပြဖိလစ်ပီကိုကူးက မန်ယူတွင် ကွင်းလယ်လူဒီပေးခြေစွမ်းပြနိုင်မည့်အပေါ်
သံသယမရှိကြောင်း ပြောကြားသွားခဲ့သည်။

ဒီပေးသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပီအက်စ်ဗီအသင်းမှ မန်ယူသို့ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး
ယနေ့ညတွင် အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ကိုကူးက”ခြေစွမ်းကောင်းဖို့အတွက် အချိန်တစ်ခုလိုအပ်သလို ပွဲအများအပြားကစားရဖို့လည်းလိုအပ်ပါတယ်။
ဒီပေးဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပြည့်ဝသလို တခြားသူတွေဆီကနေ သင်ယူမှုမှာလည်း လျင်မြန်တဲ့သူပါ။
သူ့ခြေစွမ်း ပိုကောင်းလာလိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်။သူဟာ ဂိုးသွင်းဖို့အမြဲတမ်း ဆန္ဒပြင်းပြနေသူပါ။
လအနည်းငယ်အတွင်းမှာ သူ့ခြေစွမ်းကောင်းသထက်ကောင်းလာပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။

နောက်ဆက်တွဲအသင်းများအရ မန်ယူကွင်းလယ်လူဒီပေးမှာ ယနေ့ညတွင်ကစားမည့် ပီအက်စ်ဗီနှင့်ပွဲတွင်
ဂိုးသွင်းယူနိုင်ရန် အပြင်းအထန်ကြိုးစားမည်ဖြစ်ကြောင်းသိရပြီးအသင်းဟောင်းဘက်သို့ ဂိုးသွင်းယူနိုင်ပါက အောင်ပွဲခံသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

comments

error: Content is protected !!