မက္ကာဘီတဲလ်အဗစ်နှင့်ပွဲလူစာရင်း၌ ချဲလ်ဆီးအဓိက ကစားသမားအများစုချန်လှပ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MANCHESTER, ENGLAND - AUGUST 16:  Cesc Fabregas (R) and Diego Costa of Chelsea look dejected after the third Manchester City goal scored by Fernandinho of Manchester City during the Barclays Premier League match between Manchester City and Chelsea at the Etihad Stadium on August 16, 2015 in Manchester, England.  (Photo by Alex Livesey/Getty Images)
ပရီးမီးယားလိဂ်ရှုံးပွဲကြောင့် စိတ်ပျက်နေသော ဒီယေဂို(လယ်)နှင့် ဖာဘရီဂတ်စ်(ယာ)

ချဲလ်ဆီးနည်းပြမော်ရင်ညိုသည် အသင်း၏ အဓိက ကစားသမားများဖြစ်သော ကွင်းလယ်လူဖာဘရီဂတ်စ်၊
နောက်ခံလူအီဗန်နိုဗစ်နှင့် တိုက်စစ်မှူးဒီယေဂိုကော်စတာတို့ကို ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့်အတွက်
မက္ကာဘီတဲလ်အဗစ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ထည့်သွင်းအသုံးပြုသွားမည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းမှာ ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရပြီး
အသင်းကစားသမားအများစု ယုံကြည်မှုပျောက်ဆုံးလျက်ရှိသည့်အတွက်
အဆိုပါစာရင်းတွင်ပါဝင်နေသည့် ဖာဘရီဂတ်စ်၊ အီဗန်နိုဗစ်နှင့် ဒီယေဂိုကော်စတာတို့ကို မော်ရင်ညိုမှ အနားပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နောက်ဆက်တွဲသတင်းများအရ တိုက်စစ်မှူးဒီယေဂိုကော်စတာနှင့် အသင်းခေါင်းဆောင်တယ်ရီတို့မှာ
လေ့ကျင့်ရေးကွင်းတွင် အချင်းများခဲ့ကြောင်း သတင်းစာများက ဖော်ပြခဲ့သော်လည်း
ချဲလ်ဆီးအသင်းက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။

၁၉၈၈ခုနှစ်နောက်ပိုင်း အဆိုရွားဆုံးရာသီအစရလဒ်များနှင့်ကြုံတွေ့နေရသော ချဲလ်ဆီးနည်းပြမော်ရင်ညိုအနေဖြင့်
မက္ကာဘီတဲလ်အဗစ်နှင့်ကစားမည့်ပွဲစဉ်တွင် အရန်ကစားသမားအများစုထည့်သွင်းဖွယ်ရှိကြောင်းသိရှိရသည်။

comments

error: Content is protected !!