နိုင်ပွဲရရန် အသင်းသားတိုင်း၌တာဝန်ရှိကြောင်း ရီးရဲလ်နောက်ခံလူကာဗာဂျာ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488175396
လေ့ကျင့်ရေးကွင်းသတင်းစာရှင်းလင်းပွဲ၌တွေ့ရသည့် ကာဗာဂျာ

ရီးရဲလ်နောက်ခံလူကာဗာဂျာက ဥရောပထိပ်သီးအသင်းတစ်သင်းအနေဖြင့် ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ရန် အရေးကြီးကြောင်း၊
ရှက်တာဒိုးနက်ခ်နှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် နိုင်ပွဲရရှိရန် အသင်းသားတိုင်းတွင်တာဝန်ရှိကြောင်း သတိပေးတိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ရီးရဲလ်အသင်းသည် ယခုနှစ်ပြိုင်ပွဲ၌ အုပ်စုအဖွင့်ပွဲစဉ်အဖြစ်
ယူကရိန်းကလပ် ရှက်တာဒိုးနက်ခ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

“ရီးရဲလ်အသင်းလို ဥရောပထိပ်တန်းအသင်းတစ်သင်းအတွက် ချန်ပီယံလိဂ်ဆုဖလားက တကယ့်ကိုအရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။
ချန်ပီယံဆုရယူနိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဦးမှာဖြစ်သလို အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အနိုင်သုံးမှတ်ရယူထားနိုင်ဖို့လိုအပ်ပါတယ်။
အထူးသဖြင့် ရှက်တာဒိုးနက်ခ်အသင်းနဲ့ ပွဲစဉ်မှာ ပရိသတ်တွေအတွက်အနိုင် ၃ မှတ် ရယူပေးလိုပါတယ်”ရီးရဲလ်နောက်ခံလူဖြစ်သူ ကာဗာဂျာက အသင်းဖော်များအား တိုက်တွန်းပြောကြားခဲ့သည်။

၂၀၁၃-၁၄ ဘောလုံးရာသီတွင် ချန်ပီယံဆုရရှိခဲ့သည့် ရီးရဲလ်အသင်းသည် ယခုနှစ်ပြိုင်ပွဲတွင်လည်း
လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလောင်းအသင်းအဖြစ် ရေပန်းအစားဆုံးဖြစ်နေသည်။

comments

error: Content is protected !!