အနိမ့်ဆုံး ရှုံးထွက်အဆင့်အထိ တက်ရောက်ရန် မျှော်လင့်ကြောင်း ဘင်ဖီကာနည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484241496
အသင်းအားညွှန်ကြားနေသည့် ဘင်ဖီကာနည်းပြ

ဘင်ဖီကာနည်းပြဖြစ်သူ ရူအီဗစ်တိုရီးယားက အသင်းအနေဖြင့် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင်
အနိမ့်ဆုံး ၁၆သင်းရှုံးထွက်အဆင့်အထိ တက်ရောက်ရန် မျှော်လင့်ထားကြောင်း၊
အက်စ်တာနာနှင့် အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ပေါ့ဆ၍မရကြောင်း ဖွင့်ဟပြောကြား ခဲ့သည်။

ဘင်ဖီကာအသင်းသည်  ဥရောပအဆင့်ပြိုင်ပွဲများတွင် အထိုက်လျောက်အောင်မြင်ရရှိခဲ့သည့် ပေါ်တူဂီအသင်းတစ်သင်းဖြစ်ပြီး
၁၉၆၀-၆၁၊ ၁၉၆၁-၆၂ နှစ်များ၌ ဥရောပချန်ပီယံဆုများရရှိခဲ့သည့် အသင်းဖြစ်သည်။

“အုပ်စုအဖွင့်ပွဲစဉ်မှာ ရလဒ်ကောင်းရရှိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အုပ်စုတွင် ပြိုင်ဘက်တွေကြောင့်
နောက်တစ်ဆင့်တက်ရောက်ခွင့် ရရှိဖို့ဆိုတာ မသေချာသေးပါဘူး။ ၁၆သင်း  ရှုံးထွက်အဆင့်အထိ မျှော်လင့်ထားပေမယ့်
အက်စ်တာနာနဲ့ အဖွင့်ပွဲစဉ်ကိုလည်း ပေါ့ဆလို့မရသလို့ အားစိုက်ကစားရမှာပါ ” ဟု ဘင်ဖီကာနည်းပြဖြစ်သူ ရူအီဗစ်တိုရီယာက ဆိုခဲ့သည်။

ပေါ်တူဂီထိပ်သီး ဘင်ဖီကာအသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်အုပ်စု (ဂ)အတွင်း ကျရောက်နေပြီး
အက်သလက်တီကို၊ ဂါလာတာစာရေး၊ အက်စတာနာအသင်းတို့နှင့် အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!