ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ရတနာပုံ-မကွေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
yadanarbon fc
ရတနာပုံအသင်းမှ ရှိုင်းသူရ၏ ထိုးဖောက်ကစားဟန်

အောင်သော်ဖြိုး။

ရန်ကုန်၊စက်တင်ဘာ ၁၃။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ မကွေးအသင်း နှင့် ရတနာပုံအသင်း တို့ ပွဲစဉ် ကို စက်တင်ဘာလ ၁၃ ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဖက် တစ်ဂိုးဆီ သရေ ကျခဲ့သည်။

ရတနာပုံအသင်း မှ အောင်သူ၊ ရှိုင်းသူရ၊ မက်ဆီမန်၊ရဲကိုဦး အဓိက ကစားသမားများ ပါဝင်ခဲ့သလို မကွေးအသင်း မှ လည်း ကျော်ဇင်ဖြိုး၊ နန္ဒကျော်၊မောင်မောင်စိုး၊ ကျော်ဇင်လွင် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။

ပထမပိုင်းတွင် တစ်ဖက်နှင့်တဖက် ထိရောက်စွာ တိုက်စစ်ဆင်နိုင်ခြင်း မရှိဘဲ အဝေးကန်ချက်များဖြင့် ခြိမ်းခြောက်နေပြီး နှစ်သင်းစလုံး ဂိုးမရရှိခဲ့ပဲ ဒုတိယပိုင်း အစတွင် ရတနာပုံအသင်းမှ မျိုးကိုထွန်းအစား ရန်ပိုင် ကိုထည့်သွင်း ကစားခဲ့ပြီး ၅၆ မိနစ်တွင် ရတနာပုံ ကစားသမား ရဲကိုဦး က မကွေးအသင်း နောက်တန်းများ အားနည်းမှုကို အခွင့်ကောင်းယူကာ ကျော်ဇင်ဖြိုး၏ ညာဘက်ထောင့်သို့ ရတနာပုံအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

မကွေးအသင်းက ဦးဆောင်ဂိုးခွင့်ပြုလိုက်ရချိန်တွင် တိုက်စစ်မြှင့်လာပြီး ၆၂ မိနစ်တွင် မကွေးအသင်း မှ Sekou အပိုင်အခွင့်ရသော်လည်း ဂိုးအဖြစ်သို့မပြောင်းလဲနိုင်ခဲ့ဘဲ ပွဲချိန် ၇၆ မိနစ်တွင် မကွေးအသင်း ဒီဂျန်၏ ခေါင်းတိုက်သွင်းဂိုးကြောင့် ချေပဂိုးရရှိခဲ့သည်။

တစ်ဖက်တစ်ဂိုးဆီဖြင့် ပွဲမှာ ပိုမိုမြိုင်ဆိုင်လာပြီး ပွဲချိန် ၈၃ မိနစ် မကွေးအသင်းတိုက်စစ်ဆင်မှုကို ရတနာပုံ ကစားသမား Kekere Moukailou ဖြတ်ထုတ်ပုံ ကြမ်း၍ ဒိုင်လူကြီး က အဝါကဒ်ပြသခဲ့ပြီး ဆက်လက် စောဒကတက်ခဲ့သဖြင့် အနီကဒ်ပြထုတ်ပယ်ခဲ့သည်။ ပင်နယ်တီစည်း အနည်း ရရှိခဲ့သော အဆိုပါ ပြစ်ဒဏ်ဘောကို မကွေးအသင်း ဂိုးအဖြစ်မပြောင်းလဲ နိုင်ခဲ့ဘဲ ပွဲအပြီး တစ်ဖက် တစ်ဂိုးဆီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ကစားသမားတွေအရမ်းကြိုးစားခဲ့လို့ထင်ပါတယ်။နိုင်သင့်တယ်လို့ထင်တယ်။ အခွင့်အရေးတွေကို အသုံးချနိုင်မယ်ဆို အနိုင်ရလဒ်ရမှာပါ။ စိုးမင်းနိုင် ပုံမှန်ခြေစွမ်းမပြနိုင်တာလဲပါမယ်။ ရတနာပုံ၊ဧရာဝတီ၊ မကွေး က ဒုတိယနေရာ ကိုလုနေတယ်။ ပထမနေရာကို မမှီတော့ဘူး။ နောက်က kbz ကလိုက်လာတယ့်အတွက် အမှတ်တွေမဆုံးရှုံးအောင် ဂရုစိုက်ရမယ်။  မကွေး လက်ထောက်နည်းပြ (ဦးဇော်ဝင်းထွန်း)။

ရီနီ (ရတနာပုံ)

မကွေး အသင်းအနေနဲ့ ရတနာပုံကို  ခပ်ကြမ်းကြမ်း ကစားမှသာ နိုင်မှာဖြစ်လို့ ကြမ်းကြမ်းကစားခဲ့တယ်။ ဒိုင်က အပြန်အလှန်ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ပေမယ့် ရတနာပုံကို အဝါပိုပြခဲ့တယ်။

ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကို mff အနေနဲ့ စစ်ဆေးစုံစမ်းမယ်လို့ထင်ပါတယ်။

ရတနာပုံ-မကွေး ပွဲစဉ် များဖြင့် တနေ့တည်း ကမ္ဘောဇ – မနောမြေ၊ ရခိုင်-ရန်ကုန် အသင်းတို့ ပွဲစဉ်များယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘောဇအသင်းက မနောမြေ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရန်ကုန်အသင်း က ရခိုင်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၇)အခြား ရလဒ်များမှာ

ဇေယျာရွေမြေ ၂-၁ ဇွဲကပင်
ဧရာဝတီ ၀-၀ နေပြည်တော်
ချင်း ၀-၀ ဟံသာဝတီ
ရခိုင် ၁-၂ ရန်ကုန်
ကမ္ဘောဇ ၃-၁ မနောမြေ
မကွေး ၁-၁ ရတနာပုံ

 

comments

error: Content is protected !!