ဂါလာတာစာရေးအား အနိုင်ရရှိရန် ပိုမိုအားစိုက်ရမည်ဟု ဆီမြွန်နီ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
488123878
တူရကီနိုင်ငံအစ္စတန်ဘူလ်တွင်တွေ့ရသည့် အက်သလက်တီကိုနည်းပြဆီမြွန်နီ

စပိန်ထိပ်သီးအက်သလက်တီကိုအသင်း၏နည်းပြဆီမြွန်နီက ချန်ပီယံအုပ်စုအဖွင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့်
ဂါလာတာစာရေးနှင့်ပွဲစဉ်တွင် အနိုင်ရရှိရန်အတွက် ပိုမိုအားစိုက်ရမည်ဖြစ်ကြောင်း၊
ယမန်နှစ်ရာသီကရရှိခဲ့သည့်အတွေ့အကြုံများအား အကောင်းဆုံးအသုံးချပြီး ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄-၁၅ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့သည့်
အက်သလက်တီကိုအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို
အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် အတွက် နည်းပြဆီမြွန်နီမှ ယခုကဲ့သို့ ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ရာသီက အတွေ့အကြုံတွေကို အကောင်းဆုံးအသုံးချပြီး ပြိုင်ဘက်ကိုရင်ဆိုင်ရမှာပါ။
အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်မရခဲ့ရင် နောက်ပွဲတွေမှာ ဖိအားဒဏ်ရင်ဆိုင်ရနိုင်တဲ့အတွက် ပိုမိုအားစိုက်ဖို့ လိုအပ်နေပါပြီ”ဟု အက်သလက်တီကိုနည်းပြဆီမြွန်နီက ဆိုခဲ့သည်။

အက်သလက်တီကိုအသင်းသည် ၂၀၁၅-၁၆ ဘောလုံးရာသီချန်ပီယံအုပ်စုအဆင့်အဖြစ် အုပ်စု(ဂ)တွင်ကျရောက်နေပြီး
ပေါ်တူဂီကလပ် ဘင်ဖီကာ၊ တူရကီကလပ် ဂါလာတာစာရေး၊ ကာဇက်စတန်ကလပ် အက်စ်တာနာအသင်းတို့နှင့် အုပ်စုပွဲစဉ်များယှဉ်ပြိုင်ရမည်ဖြစ်သည်။

comments

error: Content is protected !!