ပီအက်စ်ဗီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲတွင် ရွန်နီမပါဝင်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485483558
ချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲတွင်တွေ့ရသည့် ရွန်နီ

မန်ယူအသင်းတိုက်စစ်မှူးရွန်နီသည် လေ့ကျင့်ရေးကွင်းတွင်ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့်
ပြီးခဲ့သည့်လီဗာပူးနှင့်ပွဲကိုလွဲချော်ခဲ့ရပြီးနောက် ကြံ့ခိုင်မှုအပြည့်အ၀ မရရှိသေးသဖြင့်
ပီအက်စ်ဗီနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲကိုပါ လွဲချော်ရတော့မည်ဖြစ်ကြောင်းသိရသည်။

မန်ယူအသင်းနည်းပြဗန်ဟားလ်ကလည်း ပီအက်စ်ဗီနှင့်ရင်ဆိုင်ရမည့် နယ်သာလန်ခရီးစဉ်တွင်
တိုက်စစ်မှူးရွန်နီကို ဒဏ်ရာထပ်မံမရရှိစေရန်အတွက် ချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်းလူစာရင်းတွင် တိုက်စစ်မှူးဂျိမ်းစ်ဝီလ်ဆင်နှင့် ကွင်းလယ်လူပါရဲရားတို့ပါဝင်ကြောင်း သိရှိရပြီး
အဆိုပါတိုက်စစ်မှူးမှာ ယခုနှစ်တွင် ပွဲထွက်ခွင့်တစ်ကြိမ်မှမရရှိခဲ့ဘဲ ကွင်းလယ်လူပါရဲရားသည်လည်း
ပီအက်စ်ဗီမှ ပြောင်းရွှေ့ရောက်ရှိပြီးချိန်မှစ၍ လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ပါဝင်ကစားထားသူဖြစ်သည်။

comments

error: Content is protected !!