ကမ်းလှမ်းမှုများစွာ လက်ခံရရှိထားသော်လည်း အသင်းပြောင်းမည်မဟုတ်ဟု ပိုဒေါစကီး ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484160522
ဂါလာတာစာရေးတွင် ဂိုးသွင်းယူပြီးအောင်ပွဲခံနေသည့် ပိုဒေါစကီး

တူရကီကလပ် ဂါလာတာဆာရေးအသင်း၏ တိုက်စစ်မှူးဖြစ်သူ ပိုဒေါစကီးက
ဥရောပအသင်းအချို့၏ ကမ်းလှမ်းမှုများစွာအား လက်ခံရရှိထားသော်လည်း အသင်းပြောင်းရွှေ့ မည်မဟုတ်ကြောင်း၊
ကစားသမားဘ၀၏ အကောင်းဆုံးအချိန်များတွင် ဂါလာတာစာရေးနှင့်အတူ ဆက်လက်ဖြတ်သန်းလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ဂျာမနီလက်ရွေးစင်ဟောင်းတိုက်စစ်မှူးးဖြစ်သူ ပိုဒေါစကီးသည် ပရီးမီးယားလိဂ်ထိပ်သီးအာဆင်နယ်အသင်းတွင်
ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့သဖြင့် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် တူရကီကလပ် ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

“ဥရောပအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကိုလက်ခံရရှိထားပါတယ်။ ဒါပေမဲ့ အသင်းပြောင်းရွှေ့ဖို့တော့အစီအစဉ်မရှိပါဘူး။
အထူးသဖြင့် ကစားသမားတစ်ယောက်အပေါ် လေးလေးစားစားဆက်ဆံတဲ့ဂါလာတာစာရေးအသင်းအတွက်
ဆက်ကစားပေးချင်ပါတယ်” ဟု တိုက်စစ်မှူးပိုဒေါစကီးက ဆိုခဲ့သည်။

လက်ရှိတူရကီလိဂ်ချန်ပီယံ ဂါလာတာဆာရေးအသင်း၏ တိုက်စစ်မှူးဖြစ်သူ ပိုဒေါစကီးသည် ရာသီသစ်ပွဲစဉ်တွင်
အသင်းအတွက် ပွဲစဉ်တိုင်းတွင် ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ လိဂ်သွင်းဂိုး ၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

comments

error: Content is protected !!