ဂျော်ဒန်ကိုခြေစွမ်းအသာနဲ့(၂)ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဦးဆောင်သူနေရာ မြန်မာရယူ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
3
အောင်ပွဲခံနေသည့် မြန်မာအမျိုးသမီးဘောလုံးအသင်း

မြန်မာ ၂-၀ ဂျော်ဒန်
ခင်မိုးဝေ-၁၈ မိနစ်
နော်အားလိုဝါဖော(၇၁)
ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်၏ဒုတိယပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်မြန်မာနဲ့ ဂျော်ဒန်
အသင်းပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းဟာ အတွေ့အကြုံရင့်ကစားသမားတွေဖြစ်တဲ့ စန်းစန်းမော်၊ နော်အားလိုဝါဖော၊
ရီရီဦး၊ခင်မိုးဝေ၊ မြဖူးငုံတို့နဲ့ ပွဲထွက်ခဲ့ပြီး ပွဲဦးထွက်နိုင်ပွဲရရှိအောင် ပွဲစကတည်းကဖိအားပေးကစားဖို့ကြိုးစားခဲ့တယ်။
ဂျော်ဒန်အမျိုးသမီးအသင်းကစားသမားအများစုက မြန်မာကစားသမားတွေထက် ခန္ဓာကိုယ်တောင့်တင်းမှုရှိပေမယ့် လျင်မြန်မှု၊အနီးကပ်အပေးအယူတိကျမှုတို့နဲ့ မြန်မာအသင်း
ရဲ့အကွက်ကျကျထိုးဖောက်မှုကို ခက်ခက်ခဲခဲကာကွယ်ခဲ့ကြရပါတယ်။ မြန်မာအသင်းအနေနဲ့ ပွဲချိန်အစောပိုင်းတွေမှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းလိုစိတ်စောနေတဲ့
အတွက်ကြောင့် ဂိုးဖန်တီးမှုတော်တော်များများကလိုရာမရောက်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဂျော်ဒန်နောက်တန်းနဲ့ ဂိုးသမားကလည်းကာကွယ်မှုတွေပြုလုပ်နိုင်နေခဲ့တာကြောင့်
မြန်မာအသင်းအဖွင့်ဂိုးရဖို့ခက်နေခဲ့ပါတယ်။ ပွဲချိန်(၁၈)မိနစ်မှာတော့ မြန်မာအသင်းအနေနဲ့ အဖွင့်ဂိုးကိုအမှတ်မထင်ရရှိခဲ့ပါတယ်။ ဂျော်ဒန်အသင်းရဲ့ ညာဘက်ဂိုးစည်းအပြင်မှာ
ရတဲ့ ပြစ်ဒဏ်ဘောကိုခင်မိုးဝေ တိုက်ရိုက်ကန်သွင်းခဲ့တာမှာ ဂျော်ဒန်ဂိုးသမားကာကွယ်ရာမှာညံ့ဖျင်းမှုကြောင့် မြန်မာအသင်း ဂိုးရခဲ့တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ မြန်မာအသင်းပဲ
ကွင်းလယ်တစ်ဝက်လောက်ထိဖိအားပေးကစားနိုင်ခဲ့ပြီး ဂျော်ဒန်အသင်းအနေနဲ့ ပထမပိုင်းပြီးခါနီးလောက်မှသာ အိမ်ရှင်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ဂျော်ဒန်အသင်းရဲ့ ကွင်းလယ်ကိုဆက်လက်စိုးမိုးပြီး ဖိအားပေးနိုင်ခဲ့ပေမယ့် တစ်ဦးချင်းထိုးဖောက်မှုတွေက အားနည်းမှုရှိနေခဲ့တာကြောင့်
တိုက်စစ်ကအလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ပြီး ဂျော်ဒန်ရဲ့တချက်တချက်မြန်မာအသင်းကို တန်ပြန်တိုက်စစ်ချောင်းကစားတဲ့ ဧည့်သည်ရဲ့ ကစားပုံကြောင့် မြန်မာအသင်းခက်ခက်
ခဲခဲကာကွယ်ရပေမယ့် အဆုံးသတ်ပိုင်းညံ့ဖျင်းမှုတွေကြောင့် ချေပဂိုးရဖို့ခက်နေခဲ့ရပါတယ်။ ပွဲချိန်(၇၁)မိနစ်မှာတော့ မြန်မာအသင်းဟာ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကစားသမား
နော်အားလိုဝါဖောက ပင်နယ်တီဧရိယာအမှတ်လောက်ကနေ ခေါင်းတိုက်ပြီးသွင်းယူခဲ့တာပါ။ ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ အကြိမ်ကြိမ်ဖိအားပေးကစားခဲ့ပေမယ့်လည်း ဂျော်ဒန်နောက်တန်းနဲ့ ဂိုးသမားကို
မကျော်လွှားနိုင်ခဲ့တာကြောင့် (၂)ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရပါတယ်။ မြန်မာအသင်းဟာအခုပွဲအနိုင်ကြောင့်အုပ်စုဦးဆောင်သူအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ ဗီယက်နမ်ကိုအမှတ်မထင်(၁)ဂိုးတည်းနဲ့
အနိုင်ရထားတဲ့ တရုတ်(တိုင်ပေ)အသင်းကရပ်တည်နေခဲ့တာဖြစ်ပြီး စက်တင်ဘာ(၁၆)ရက်နေ့၃နာရီခွဲမှာ ဂျော်ဒန်-တရုတ်(တိုင်ပေ)၊ မြန်မာ-ထိုင်းအသင်းတို့ဆက်လက်ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့
အဓိကပြိုင်ဘက် ထိုင်းအသင်းကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ ဒုတိယအဆင့်ခြေစစ်ပွဲအောင်ဖို့အလားအလာကောင်းတစ်ခုကိုရရှိထားနိုင်မှာဖြစ်ပါတယ်။

2

 

 

 

 

 

ပွဲပြီးပြောစကား
stephane alnaber (ဂျော်ဒန်အသင်းခေါင်းဆောင်)
မြန်မာအသင်းဟာသူတို့ရတဲ့အခွင့်အရေးတွေကိုအသုံးချလိုက်နိုင်တာကြောင့်ဒီလိုဂိုးတွေရသွား
တာပါ။ ဒါဟာဘောလုံးပါပဲ။ ကျမတို့အနေနဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာအကောင်းဆုံးပုံစံနဲ့ဆက်လက်ယှဉ်ပြိုင်သွားပါမယ်။

စန်းစန်းမော်(မြန်မာအသင်းခေါင်းဆောင်)
ဒီအဆင့်မှာအသင်း(၅)သင်းရှိပြီးပတ်လည်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီးအမှတ်အများဆုံးရတဲ့အသင်းပဲခြေစစ်ပွဲအောင်မှာပါ။ ကျွန်တော်တို့အသင်းရဲ့ကစားသမားတစ်ချို့က
လူသစ်တွေဆိုတော့အစပိုင်းမှာအထာမသိသေးတော့အချိတ်အဆက်မမိပေမယ့်နောက်ပိုင်းမှာ အတွေ့အကြုံရှိကစားသမားတွေနဲ့ ပြန်လည်အတွဲမိလာနိုင်တာကြောင့်အခုလိုဖိအားပေးနိုင်ပွဲရခဲ့တာပါ။
ဒီအဆင့်မှာအာရှက(၂)သင်းအရှေ့တောင်အာရှက(၃)သင်းပါလာတယ်။ အာရှနှစ်သင်းက လူကောင်အနေအထား၊ခြေစွမ်းအနေအထားသာတယ်။ အရှေ့တောင်အာရှအသင်းတွေကျတော့အချင်းချင်း
အထာသိကျတယ်။ အခု ဂျော်ဒန်ကိုနိုင်တော့ နောက်ပွဲတွေအတွက်တော့နည်းနည်းစိတ်အေးမိတယ်။ အခုကိုယ့်မြေ၊ကိုယ့်ပရိသတ်ရှေ့မှောက်မှာယှဉ်ပြိုင်ရတာဖြစ်တာကြောင့် အကောင်းဆုံးကြိုးစားသွားမှာပါ။
ကျွန်တော်တို့အနေနဲ့ အခုအုပ်စုတွင်းကအသင်းအားလုံးကိုသတိထားပြီးယှဉ်ပြိုင်မှာဖြစ်ပေမယ့် ထိုင်းအသင်းကိုတော့ အဓိကထားပြီးယှဉ်ပြိုင်သွားမှာပါ။

comments

error: Content is protected !!