ပွဲတိုင်းကိုအာရုံစိုက်ကစားသွားမည်ဟု မြန်မာ အမျိုးသမီး အသင်းနည်းပြချုပ်ပြော
|
နေလင်း
ရန်ကုန်၊စက်တင်ဘာ ၁၃။
မြန်မာနိုင်ငံတွင် စက်တင်ဘာ(၁၄)ရက်မှ (၂၂)ရက်အထိ ကျင်းပပြုလုပ်သွားမည့် ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲနှင့်ပတ်သက်ပြီး ပြိုင်ပွဲကြို ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ(၁၃) ရက်နေ့က မန္တလေးမြို့၊ဆီဒိုးနားဟိုတယ်တွင်ကျင်းပခဲ့သည်။
ယခုဒုတိယအဆင့်ခြေစစ်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မြန်မာအမျိုးသမီးအသင်းအပါအ၀င် ဗီယက်နမ်၊ ထိုင်း၊ ဂျော်ဒန်၊ တရုတ်(တိုင်ပေ)အသင်းတို့ပါဝင်နေပြီး အုပ်စုပထမရသည့်အသင်းမှာ ဘရာဇီးအိုလံပစ်အမျိုး သမီးအာရှဇုန်နောက်ဆုံးခြေစစ်ပွဲအဆင့်ကိုတက်လှမ်းနိုင်မည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် ဒေသတွင်းအဓိကပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်၊ထိုင်းအသင်းတို့နှင့်အ ကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိပြီးမြန်မာအမျိုးသမီးအသင်းနည်းပြချုပ်ဒေါ်သက်သက်ဝင်းက’’ အိမ်ရှင်အသင်း ဖြစ်လို့ပွဲကိုအာရုံစိုက်ကစားသွားမယ်။အုပ်စုထဲကအသင်းတွေကလည်းအသင်းကြီးတွေဖြစ်လို့ကြိုးစားကစား သွားမှာပါ။ပရိတ်သတ်တွေလည်းလိုအပ်ပြီးလာရောက်အားပေးစေလိုပါတယ်။အသင်းကိုလည်းအကောင်းဆုံး ပြင်ဆင်ဖွဲ့စည်းထားပါတယ်” ဟုပြောကြားခဲ့သည်။
မြန်မာအမျိုးသမီးအသင်းမှာ ယနေ့(၁၄)ရက်နေ့ညနေ(၆)နာရီခွဲအချိန်တွင်ဂျော်ဒန်အမျိုးသမီးအသင်းနှင့်ကစားရ မည်ဖြစ်ပြီး အိမ်ရှင်အသင်းမှာ ဒုတိယအဆင့်ခြေစစ်ပွဲကိုအောင်မြင်နိုင်သည့်အသင်းတစ်သင်းဖြစ်နိုင်ကြောင်း ဂျော်ဒန်အမျိုးသမီးအသင်းနည်းပြKhadierEidကဆိုသည်။ဂျော်ဒန်အမျိုးသမီးအသင်းမှာယခုပြိုင်ပွဲအ တွက် ပြင်ဆင်ချိန်တလခန့်သာရှိပြီးထားယခုပြိုင်ပွဲသို့ဝင်ရောက်မယှဉ်ပြိုင်မီမော်ရိုကိုအသင်းနှင့်ခြေစမ်းကစားခဲ့ပြီး အနိုင်ရ ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်တွင်နှစ်ပွဲနိုင်ကာ ပေးဂိုးမရှိဖြင့်ဒုတိယအဆင့် ခြေစစ်ပွဲသို့တက်ရောက်လာခဲ့သည့် တရုတ်(တိုင်ပေ)အသင်းနည်းပြချုပ် Mr. Nagira က ယခုဒုတိယအဆင့်ပြိုင်ပွဲတွင် လည်း အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
တရုတ်(တိုင်ပေ)အသင်းမှာ ဗီယက်နမ်အသင်းနှင့် ယခုပြိုင်ပွဲအဖွင့်ပွဲကိုကစားရမည်ဖြစ်ပြီး ယခုပြိုင်ပွဲ ခြေစစ်ပွဲအောင် မြင်မှုရရန်ရည်မှန်းထားကြောင်း ဗီယက်နမ်အမျိုးသမီးအသင်းနည်းပြ Mr. Takashi ရည်ရွယ်ထားကာ” အုပ်စုအနေအထားကကြပ်ပါတယ်။ဒါပေမဲ့လည်းအသင်းတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်” ဟုပြောခဲ့သည်။
ယခုခြေစစ်ပွဲအဆင့်တွင် အင်အားအတောင့်တင့်ဆုံးအသင်းအဖြစ်သတ်မှတ်ခံထားရသော ထိုင်းအမျိုးသမီးအသင်း မှာ ပြီးခဲ့သည့်ဇွန်လက ကနေဒါနိုင်ငံတွင်ကျင်းပခဲ့သည့်အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းကိုအခြေခံကာ ရှေ့ တန်းကစားသမားတစ်ဦးတည်းသာအပြောင်းအလဲလုပ်ပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ထိုင်းအသင်းမှာ နော်ဝေနှင့် ဂျာမနီတို့ကို(၄)ဂိုးပြတ်စီဖြင့်အသီးသီးရှုံးနိမ့်ခဲ့သော်လည်း အိုင်ဗရီကို့စ် အသင်းကိုမူ(၃-၂)ဖြင့်အနိုင်ကစားနိုင်ခဲ့သည်။
ထိုင်းအမျိုးသမီးအသင်းလက်ထောက်နည်းပြ”ကနေဒါကမ္ဘာ့ဖလားမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့လူစာရင်းရဲ့ ရှေ့တန်း တစ်ဦးတည်းပဲအပြောင်းအလဲလုပ်ထားပါတယ်။ကမ္ဘာ့ဖလားမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အသင်းလူစာရင်းနဲ့အကာင်းဆုံးယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။”ဟုပြောသည်။
ဘရာဇီးအိုလံပစ်အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲတွင်အမှတ်အများဆုံးရအသင်းမှာ နောက်ဆုံး အဆင့်ခြေစစ်ပွဲအဆင့်သို့တက်ရောက်ခွင့်ရမည်ဖြစ်ပြီးယင်းအဆင့်တွင်အိမ်ရှင်အဖြစ်ဂျပန်၊သြစတြေးလျ၊ မြောက်ကို ရီးယား၊တရုတ်နှင့် တောင်ကိုရီးယားအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Next : ပထမနေရာမရနိုင်တော့ ဟု မကွေးအသင်းဆို