အဲဗာတန်နှင့်ပွဲအပြီးမေးမြန်းမှုတွင် မော်ရင်ညိုရိုင်းပျစွာပြောဆိုခဲ့
|
အဲဗာတန်ကို ၃-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမေးမြန်းမှုတွင် ချဲလ်ဆီးအသင်းနည်းပြမော်ရင်ညိုက
ရိုင်းစိုင်းစွာတုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရသည်။
အမှတ်ပေးဇယားထိပ်သို့ ပြန်လည်ရောက်ရှိရန်ကြိုးပမ်းနေသော ချဲလ်ဆီးအသင်းမှာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပတ်ခ်တွင်
တိုက်စစ်မှူးနေးစမစ်၏ ဟတ်ထရစ်ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထုံးစံအရ အိမ်ရှင်အသင်းနည်းပြက
ဧည့်သည်အသင်းနည်းပြကို ဦးစားပေး၍ ပြောခွင့်ပေးရမည်ကို အဲဗာတန်နည်းပြမာတီနက်ဇ်က ဆောလျင်စွာပြောဆိုခဲ့သောကြောင့်
မော်ရင်ညို အမျက်ထွက်ခဲ့ခြင်းဖြစ်သည်။
အဲဗာတန်နည်းပြရောဘတ်တိုမာတီနက်ဇ်မှ မေးမြန်မှုဖြေကြားစဉ်တွင် အနားသို့ မော်ရင်ညိုရောက်ရှိလာခဲ့ပြီး
”ငါတို့ခရီးဆက်စရာရှိသေးလို့ နောက်တစ်ကြိမ်မင်းမပြောခင် ငါတို့အရင်ပြောမယ်”ဟု ဆိုခဲ့သည့်အပေါ် မာတီနက်ဇ်က
”ကျွန်တော်တို့ မော်ရင်ညိုကို မထိန်းချုပ်ထားပါဘူး”ဟုဖြေကြားရာ မော်ရင်ညိုက ဆဲရေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုကဲ့သို့ ပြုမူခဲ့သည့်အပေါ် မာတီနက်ဇ်က ”ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၆-၃ နဲ့သူတို့နိုင်တဲ့ပွဲမှာ သူကလူတော်လူကောင်းတစ်ယောက်လို ပုံစံမျိုးနဲ့ပါ။
အဲဒီလိုပုံစံကို ကျွန်တော်ပိုသဘောကျတယ်” ဟု ပြောကြားခဲ့သည်။
Next : မန်စီးတီးတိုက်စစ်မှူးအဂူရို ဒူးဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲလွဲချော်