ရိုးမားနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ဥရောပပွဲ ၁၀၀ ပြည့်မည်
|
ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီသည်
၂၀၁၅-၁၆ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ်
အီတလီစီးရီးအေကလပ် ရိုးမားအသင်းနှင့်ပွဲစဉ်တွင် ဥရောပပွဲ ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သူ မက်ဆီသည် ဘာစီလိုနာကစားသမားဘဝ
ဥရောပချန်ပီယံလိဂ်ပထမဦးဆုံးပွဲစဉ်အဖြစ် ၂၀၀၄ ဒီဇင်ဘာ ၇ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့်
ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်နှင့် ပွဲစဉ်တွင် စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။
ယင်းအတွက်ကြောင့် မက်ဆီအနေဖြင့် ရိုးမားအသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရှိခဲ့ပါက
အသင်းဖော်များဖြစ်ခဲ့သည့် ဇာဗီ၊ ပူယိုးလ်၊ ဗဲလ်ဒက်စ်၊ အင်နီယေစတာတို့ကဲ့သို့ ဥရောပပွဲ ၁၀၀ ပြည့်မြောက်သည့်
၃၂ ယောက်မြောက်ကစားသမား ဖြစ်လာမည်ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံးကစားသမားဆု လေးကြိမ်၊ ဥရောပရွှေဖိနပ်ဆု သုံးကြိမ်နှင့် ချန်ပီယံလိဂ် လေးကြိမ်ရရှိခဲ့ဖူးသည့် မက်ဆီအနေဖြင့်
လက်ရှိအချိန်တွင် ဥရောပပွဲစဉ် ၉၉ပွဲကစားထားကာ ၇၇ ဂိုးသွင်းယူထားသည်။
Next : ဂါလာတာစာရေးအား အနိုင်ရရှိရန် ပိုမိုအားစိုက်ရမည်ဟု ဆီမြွန်နီ ဆို