ဂျူဗင်တပ် ကွင်းလယ်လူ မာချီစီယို ပေါင်ဒဏ် ရာကြောင့် လေးပတ်ခန့် အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
472264398
ယမန်နှစ်ချန်ပီယံလိဂ်ပွဲတွင်တွေ့ရသည့် မာချီစီယို

လက်ရှိ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ် အသင်း၏ အဓိက ကွင်းလယ် ကစား သမားဖြစ်သူ မာချီစီယိုသည် ချီယေဗိုနှင့် ၁-၁ သရေကျခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့ သည့် ပေါင် ဒဏ် ရာကြောင့် ရက်သတ္တပတ်လေး ပတ်ခန့် အနားယူ ရမည်ဖြစ်ကြောင်း အသင်းမှ အတည်ပြု ထုတ်ပြန်ကြေ ညာခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် လူငယ် ကွင်းလယ် ကစား သမားဖြစ်သူ ပေါ့ဘာနှင့် လူစားခံခဲ့ရသည့် မာချီစီယိုသည် ယနေ့ နံနက် အစောပိုင်းတွင် ဆေးစစ်မှု ခံယူခဲ့ရာ ယခုကဲ့သို့ အနားယူရမည့် အဖြေ ထွက်ပေါ် လာခဲ့ခြင်းဖြစ် သည်။

ယင်းနှင့် ပတ်သက်၍  ဂျူဗင်တပ် အသင်းဆေး အဖွဲ့၏ ထုတ်ပြန်မှုတွင် မာချီစီယို အနေဖြင့် အသင်း အတွက် ပွဲစဉ် အချို့ ကစားပေးနိုင်တော့မည် မဟုတ်ကြောင်း၊
ပေါင်ကြွက် သား ဒဏ်ရာကြောင့် ရက် သတ္တပတ်လေး ပတ်ခန့် အနားယူ ရတော့ မည်ဖြစ်ကြောင်း အတည်ပြု သတင်း ထုတ်ပြန် ခဲ့သည်။

အီတလီ မီဒီယာ အချို့၏ ဖော်ပြချက် တွင် မာချီစီယို အနေဖြင့် ဂျီနိုအာ၊ ဖရိုစင်အိုနီ၊ နာပိုလီ အသင်း တို့နှင့် ယှဉ်ပြိုင်ရမည့် စီးရီးအေ ပွဲစဉ်များကို လွဲချော်တော့ မည်ဖြစ်ပြီး မန်စီးတီး၊ ဆီဗီလာတို့နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်များကို လည်း သေချာပေါက် လွဲချော်တော့ မည်ဖြစ်ကြောင်း သိရှိရသည်။

comments

error: Content is protected !!