ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန် အချိန်စောလွန်းသေးကြောင်း အင်တာနည်းပြဆို
|
အင်တာမီလန်အသင်းနည်းဖြစ်သူ မန်စီနီက အသင်းအနေဖြင့် ရာနှုန်းပြည့်နိုင်ပွဲရရှိထားသော်လည်း
ချန်ပီယံအသင်းအဖြစ် သတ်မှတ်ရန်အချိန်စောလွန်းသေးကြောင်း၊ လက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းခြေချော်နေသည့်အချိန်တွင်
အခွင့်အရေးယူနိုင်ရန်သာ အရေးကြီးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။
လက်ရှိချန်ပီယံဂျူဗင်တပ်အသင်းအနေဖြင့် အဖွင့်ပွဲစဉ် ၃ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေသည့်အချိန်တွင်
အင်တာမီလန်အသင်းအနေဖြင့် နိုင်ပွဲဆက်တိုက်ရရှိထားခဲ့ခြင်းကြောင့် မီဒီယာများက
ချန်ပီယံအသင်းတစ်သင်းအဖြစ် ချီးကျူးရေးသားမှုများပြုလုပ်ခဲ့ခြင်းကြောင့် နည်းပြမန်စီနီက ယခုကဲ့သို့ ပြန်လည်ပြောကြားခြင်းဖြစ်သည်။
“ချန်ပီယံအသင်းအဖြစ် သတ်မှတ်ဖို့အချိန်စောပါသေးတယ်။ စီးရီအေရဲ့ ချန်ပီယံအသင်းက ပွဲစဉ် ၁၃၊ ၁၄ လောက်ကျမှ ပေါ်ထွက်လေ့ရှိတာပါ။
လက်ရှိအခြေအနေအရ ချန်ပီယံဖြစ်ပြီလို့ ပြောလို့မရသေးပါဘူး။ လက်ရှိချန်ပီယံရဲ့ခြေချော်မှုကိုသာ အခွင့်အရေးယူနိုင်ဖို့ အရေးကြီးပါတယ်။
ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းတွေထဲမှာ နာပိုလီနဲ့ ရိုးမားတို့ကိုလည်း ထည့်စဉ်းစားရမှာပါ”ဟု အင်တာမီလန်နည်းပြမန်စီနီက ဆိုခဲ့သည်။
အင်တာမီလန်အသင်းသည် ရာသီသစ်အဖွင့်ပွဲစဉ်များ၌ အတ္တလန္တာ၊ ကာပီ နှင့်အဓိကမြို့ခံပြိုင်ဘက် အေစီမီလန်အသင်းတို့အား အနိုင်ရရှိထားခဲ့ခြင်းကြောင့်
အသင်းဥက္ကဋ္ဌဟောင်းဖြစ်သူ မိုရက်တီက ချန်ပီယံဆုအား မျှော်လင့်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စီးရီးအေချန်ပီယံဆု ၁၈ကြိမ်ရရှိထားခဲ့သည့် အင်တာမီလန်အသင်းသည် စကူဒက်တိုချန်ပီယံဆုအား ၂၀၀၉-၁၀ ဘောလုံးရာသီတွင် နောက်ဆုံးရရှိခဲ့သည်။
Next : အိုလံပီယာကို့စ်နှင့်ပွဲတွင် ခြေစွမ်းမြှင့်ရန် ကစားသမားများကို ဂွါဒီယိုလာသတိပေး