ပထမနေရာမရနိုင်တော့ ဟု မကွေးအသင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0

ရန်ကုန်၊စက်တင်ဘာ ၁၄။
အောင်သော်ဖြိုး။

၂၀၁၅ နေရှင်နယ်လိဂ်ရာသီအတွက် ဒုတိယနေရာရရှိရေးကို အဓိကထားယှဉ်ပြိုင်သွားတော့မည်ဟု
ရတနာပုံအသင်း နှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ် ၁၇ အပြီး သတင်းစာရှင်းလင်းပွဲတွင်  မကွေးလက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ဆိုသည်။

“ပထမနေရာက ရန်ကုန်နဲ့ အတော်အလှမ်းဝေးသွားပါပြီ။ ကျွန်တော်တို့မှ မဟုတ်ဘူး။ တခြားအသင်းတွေလည်း
ပထမနေရာအတွက် မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့က ဒုတိယနေရာကို လုနေကြတာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်  ပထမနေရာမှ ရန်ကုန်အသင်းသည် ရှုံးပွဲမရှိစံချိန်ဖြင့် ဒုတိယနေရာမှ မကွေးအသင်း၏ အထက်
၁၆မှတ် အသာဖြင့် ရပ်တည်နေပြီး အမှတ်ပေးဇယား တတိယနေရာ တွင်ဧရာဝတီ၊ စတုတ္ထနေရာတွင် ရတနာပုံအသင်းတို့ ရပ်တည်နေသည်။

မကွေး၊ရတနာပုံ၊ဧရာဝတီအသင်း တို့သည် ဒုတိယနေရာရရှိရေး ပြိုင်ဆိုင်နေကြပြီး အဆင့်ငါးနေရာမှ
ကမ္ဘောဇအသင်းသည်လည်း နောက်မှလိုက်လာသဖြင့် မကွေးအသင်းအနေဖြင့် လက်ကျန်ပွဲစဉ်အားလုံးကို
ရှိသမျှအားကုန် စိုက်ထုတ်ကာ ယှဉ်ပြိုင်သွားမည် ဟု မကွေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

comments

error: Content is protected !!