လီဗာပူးသို့ ကလော့ပ်ရောက်ရှိလျှင် အောင်မြင်မည်ဟု ဟာမန်းထောက်ခံ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
coach Jurgen Klopp of Borussia Dortmund during the Bundesliga match between Borussia Dortmund and Werder Bremen on May 23, 2015 at the Signal Iduna Park in Dortmund, Germany.(Photo by VI Images via Getty Images)
ဒေါ့မွန်တွင်နည်းပြစဉ်ကတွေ့ရသည့် ယာဂန်ကလော့ပ်

လီဗာပူးအသင်းကစားသမားဟောင်း ဟာမန်းက လက်ရှိနည်းပြရော့ဂျာနေရာတွင်
ဒေါ့မွန်အသင်းနည်းပြဟောင်း ယာဂန်ကလော့ပ်နှင့်အစားထိုးမည်ဆိုပါက လီဗာပူးအောင်မြင်မှုရမည်ဟု ထောက်ခံပြောကြားသွားခဲ့သည်။

ရော့ဂျာသည် ပြီးခဲ့သည့်စနေနေ့တွင် မန်ယူအသင်းကို ၃-၁ဖြင့် အရေးနိမ့်ခဲ့ပြီး
ပရီးမီးယားလိဂ်၌ နိုင်ပွဲ ၂ ပွဲသာရရှိထားသောကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရသည်။

ဟာမန်းက”ပရိသတ်တွေဘက်က စိတ်ပျက်နေပမယ့် အသင်းတာဝန်ရှိသူတွေကတော့ ရော့ဂျာဘက်မှာရှိနေပါတယ်။
အခြားတစ်ဖက်မှာ ကလော့ပ်သာ လီဗာပူးကိုရောက်လာမယ်ဆိုရင်၊ ဘောလုံးရာသီမစတင်ခင်
သူတို့အနေနဲ့ကလော့ပ်ကို ခေါ်ယူဖို့ကမ်းလှမ်းမယ်ဆိုရင် ကျွန်တော့်ဘက်က ၉၉ ရာခိုင်နှုန်းသေချာတယ်လို့ပြောချင်တယ်။
လူတိုင်းကတော့ ၂၀၁၆၊ ဇူလိုင်လ ၁ရက်မှာ ဘိုင်ယန်ကို ကလော့ပ်ရောက်မယ်လို့ပြောနေကြတယ်။ ကျွန်တော်ကတော့
လီဗာပူးဟာ သူ့အတွက် ပိုကောင်းလိမ့်မယ်လို့ထင်တယ်” ဟု ပြောကြားသွားခဲ့သည်။

comments

error: Content is protected !!