ကစားသမားဘ၀ နောက်ဆုံးချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်လာနိုင်သည့်ရာသီတွင် အသင်းဟောင်းနှင့် ရင်ဆိုင်ရမည့်အတွက် စိတ်လှုပ်ရှားမိဟု အီဗရာဟီမိုဗစ် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
484319920
လီဂူး-၁ ပွဲစဉ်တစ်ပွဲအား သားများနှင့်အတူ ကြည့်ရှုနေသည့် အီဘရာဟီမိုဗစ်

ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်သူ အီဗရာဟီမိုဗစ်က ကစားသမားဘ၀ နောက်ဆုံးချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်လာနိုင်သည့်
ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွင် လူငယ်ကစားသမားဘ၀ကိုဖြတ်သန်းခဲ့သည့်
အသင်းဟောင်းမယ်လ်မိုနှင့်ပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်းထုတ်ဖော်ပြောကြားသွားခဲ့သည်။

အသက် ၃၃နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ အီဗရာဟီမိုဗစ်သည်
လူငယ်ကစားသမားအဖြစ် မယ်လ်မိုအသင်းအကယ်ဒမီတွင် စတင်ခဲ့သူဖြစ်ပြီး
အဆိုပါအသင်းတွင် ၁၉၉၁ မှ ၂၀၀၁ အထိ ပါဝင်ကစားခဲ့ပြီးနောက် နယ်သာလန်ကလပ်အေဂျက်ဇ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။

“နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တဲ့ဒီရာသီမှာ အသင်းဟောင်းနဲ့ ပြန်ကစားခွင့်ရမယ့်အခြေအနေက
တကယ်ကိုလှပလွန်းတဲ့ အခိုက်အတန့်တစ်ခုပါ။ ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် မွေးထုတ်ပေးခဲ့တဲ့ အသင်းနဲ့
ပြိုင်ဘက်အဖြစ်ပြန်ကစားရမယ့်အချိန်က အမှတ်တရတွေဖြစ်လာဖို့ သေချာပါတယ် ” အီဗရာဟီမိုဗစ်က ဆိုခဲ့သည်။

မယ်လ်မိုလူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် အသင်း၏ ဂုဏ်ထူးဆောင်ကစားသမားစာရင်းတွင် ပါဝင်သူဖြစ်ပြီး
အသင်းအကယ်ဒမီက ယနေ့အချိန်အထိ ၎င်းအား ဂုဏ်ပြုအသိအမှတ်ပြုထားသည်။

comments

error: Content is protected !!