အိုလံပီယာကို့စ်နှင့်ပွဲတွင် ခြေစွမ်းမြှင့်ရန် ကစားသမားများကို ဂွါဒီယိုလာသတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487566122
လေ့ကျင့်ရေးကွင်းတွင် အသင်းသားများအား ညွှန်ကြားနေသည့် ဂွါဒီယိုလာ

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိုလံပီယာကို့စ်နှင့်ကစားမည့်ပွဲစဉ်တွင်
အသင်းကစားသမားများအနေဖြင့် ကစားအားမြှင့်တင်ရန်လိုအပ်ကြောင်း
ဘိုင်ယန်မြူးနစ်အသင်းနည်းပြဂွါဒီယိုလာက သတိပေးပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ယခုနှစ်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ရာနှုန်းပြည့်နိုင်ပွဲပိုင်ဆိုင်ထားသော်လည်း
ပြီးခဲ့သည့်ပွဲစဉ်၌ အော့စ်ဘတ်ကိုအကြိတ်အနယ်ကစားခဲ့ရပြီး နောက်ကျဂိုးဖြင့်အနိုင်ရခဲ့သောကြောင့်
ဂွါဒီယိုလာက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂွါဒီယိုလာက အုပ်စုတွင်းပြိုင်ဘက်ဖြစ်သော အာဆင်နယ်အသင်းသည်လည်း ခက်ခဲသည့်ပြိုင်ဘက်ဖြစ်ကြောင်း
အသင်းကစားသမားများကို သတိပေးပြောကြားထားသည်။

ဂွါဒီယိုလာက”အသင်းတိုင်း ရာနှုန်းပြည့်အနိုင်ရလဒ်ပိုင်ဆိုင်အောင် ကြိုးပမ်းမှာဖြစ်သလို
လမ်းကြောင်းမှန်ပေါ်ကနေလည်း သွေဖီသွားနိုင်ပါတယ်။ ကျွန်တော်တို့အသင်း အော့စ်ဘတ်နဲ့ကစားခဲ့တဲ့ပွဲမှာ
ပထမပိုင်းခြေစွမ်းမကောင်းခဲ့ပါဘူး။ ကစားပုံက နှေးကွေးလွန်းပါတယ်။ လာမယ့်ပွဲမှာ ပိုကောင်းမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ကျွန်တော်တို့ဟာ ၄၅မိနစ်တည်းကစားရမှာမဟုတ်ဘဲ မိနစ်၉၀ အပြည့်ကစားသွားနိုင်ရမှာပါ”ဟု သတိပေးပြောကြားသွားခဲ့သည်။

comments

error: Content is protected !!