အလွန်ဆိုကို ရီးရဲလ်သို့ရောင်းချခဲ့သူ ဘင်နီတက်ဇ်အား ဂျရတ်ပြစ်တင်ဝေဖန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483273048
ဘိုင်ယန်မြူးနစ်တွင် ခြေစွမ်းပြနေသည့် အလွန်ဆို

ကွင်းလယ်လူအလွန်ဆိုကို ရီးရဲလ်သို့ရောင်းချခဲ့သူ နည်းပြဟောင်းဘင်နီတက်ဇ်မှာ မိုက်မဲသူဖြစ်ကြောင်း
လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်က ပြစ်တင်ပြောဆိုလိုက်သည်။

အလွန်ဆိုသည် လီဗာပူးအသင်းသို့ ၂၀၀၄ခုနှစ်တွင် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အလျင်အမြန်အထိုင်ကျကာ
ပရီးမီးယားလိဂ်၏ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လီဗာပူးနှင့်အတူ ၂၀၀၅ခုနှစ်ချန်ပီယံလိဂ်ဖလား၊
၂၀၀၆ခုနှစ်အက်ဖ်အေဖလားတို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် အဆိုပါဆုဖလားများသိမ်းပိုက်ပြီး ၁နှစ်အကြာတွင် ခြေစွမ်းကျဆင်းသွားပြီး ပရီးမီးယားလိဂ်ပွဲ ၁၆ပွဲသာကစားခွင့်ရချိန်တွင်
လီဗာပူးမှ အခြားကွင်းလယ် ကစားသမားသစ်များခေါ်ယူရန်ပြင်ဆင်ခဲ့သည်။

ထို့နောက် ၂၀၀၇-၀၈ဘောလုံးရာသီတွင် အလွန်ဆိုပုံမှန်ခြေစွမ်းပြန်ရခဲ့သော်လည်း ဘင်နီတက်ဇ်က ပြောင်းရွှေ့ကြေးပေါင် ၃၀သန်းဖြင့်
ရီးရဲလ်သို့ ရောင်းချခဲ့သည်။ အဆိုပါကွင်းလယ်လူမှာ ရီးရဲလ်နှင့်အတူအောင်မြင်မှုရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်သို့ ၂၀၁၃-၁၄ဘောလုံးရာသီတွင်
ပြောင်းရွှေ့ခဲ့ကာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုသိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်က ၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင်
“၂၀၀၄ခုနှစ်၊ သြဂုတ်လမှာ ကျွန်တော်တို့နဲ့အတူလေ့ကျင့်ခန်းဆင်းပြီးနောက်မှာ အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ဘင်နီတက်ဇ်အတွက်လည်း ထူးချွန်တဲ့ထိပ်တန်းကစားသမားတစ်ဦးပိုင်ဆိုင်စေခဲ့ပါတယ်။ ၅နှစ်အကြာမှာ အလွန်ဆိုကို
ရီးရဲလ်ဆီရောင်းထုတ်ခဲ့တာကတော့ မိုက်မဲတဲ့လုပ်ရပ်ပါပဲ”ဟု ရေးသားဖော်ပြခဲ့သည်။

comments

error: Content is protected !!