မန်စီးတီးတိုက်စစ်မှူးအဂူရို ဒူးဒဏ်ရာကြောင့် ချန်ပီယံလိဂ်ပွဲလွဲချော်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487881372
ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ဒဏ်ရာရပြီး ကွင်းပြင်ထွက်လာသည့် အဂူရို

မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်
နောက်ခံလူစကော့ဒန်းနှင့်ထိခိုက်မိပြီး ဒူးဒဏ်ရာရရှိခဲ့သဖြင့် ဂျူဗင်တပ်နှင့်ကစားမည့်
ချန်ပီယံလိဂ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်းသိရသည်။

အသက် ၂၇နှစ်ရှိ အဆိုပါအာဂျင်တီးနားတိုက်စစ်မှူး၏ ဒဏ်ရာနှင့်ပတ်သက်၍
မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ”အဂူရိုက ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။
ဒီတစ်ပတ် အကုန်လောက်ဆိုရင် သူပြန်ကောင်းနိုင်မယ်ထင်တယ်။ အခုအချိန်မှာတော့ ဆေးစစ်မှုရလဒ်ကိုစောင့်ကြည့်နေတုန်းပါ”ဟု ပြောကြားသွားခဲ့သည်။

အဂူရိုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး ၁ လခန့်အနားယူခဲ့ရသူဖြစ်ပြီး
ယခုနှစ်ဘောလုံးရာသီအစတွင် အသင်းအတွက် ၅ပွဲပါဝင်ကစားနိုင်ခဲ့ကာ သွင်းဂိုး ၁ ဂိုးရယူပေးထားခဲ့သည်။

အဂူရိုဒဏ်ရရှိနေချိန်တွင် အသင်းတောင်ပံကစားသမား စတာလင်မှာ တံကောက်ကြောဒဏ်ရာမှ
ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကွင်းလယ်ဖန်တီးရှင်ဆေးလ်ဗားမှာလည်း ခြေကျင်းဝတ်ဒဏ်ရာပြဿနာမှ ရုန်းထွက်နိုင်ခဲ့ကြောင်းသိရှိရသည်။

comments

error: Content is protected !!