ကွင်းလယ်လူ ဆိုရီယာနိုအား စာချုပ်သက်တမ်းတိုးရန် ဆမ်ဒိုးရီးယား စီစဉ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483547366
ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲတွင်တွေ့ရသည့် ဆိုရီယာနို

စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်သည့် ဆမ်ဒိုးရီးယားအသင်းသည် ဥရောပအသင်းကြီးအချို့၏ စိတ်ဝင်စားခြင်းခံနေရသည့်
ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုကို အသင်းတွင်ဆက်ရှိနေစေရန်အတွက် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း
အီတလီမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ဂျာမနီနွယ်ဖွား အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ ဆိုရီယာနိုသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်
ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် စီးရီးအေပြိုင်ဘက် နာပိုလီအသင်းထံ ရောက်ရှိရန် နီးစပ်ခဲ့ပြီးနောက်ပိုင်း
ဆမ်ဒိုးရီယားအသင်းတာဝန်ရှိသူများအနေဖြင့် အဆိုပါကစားသမားဖြစ်သူအား အသင်းထိန်းသိမ်းထားရန်အတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆိုရီယာနိုသည် ၂၀၁၇ အထိဆမ်ဒိုးရီးယားအသင်းနှင့် စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး
ကမ်းလှမ်းခံရဖွယ်ရှိနေသည့် စာချုပ်သစ်အရ ၎င်းအနေဖြင့် တစ်နှစ်လုပ်ခ ယူရို ၁၀သန်း မှ ၁၅သန်းအကြား
ရရှိဖွယ်ရှိနေကြောင်း မီဒီယာများမှဖော်ပြခဲ့ကြသည်။

comments

error: Content is protected !!