ရလဒ်ဆိုးများကြောင့် ရူဘင်ကာဇန်နည်းပြရာထူးမှ ဘီရာလက်တီနော့ဗ်နုတ်ထွက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474738894
ရူဘင်ကာဇန်အသင်းကို ကွင်းဘေးမှ ညွှန်ကြားနေသည့် ဘီရာလက်တီနော့ဗ်

ရုရှားထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် ရူဘင်ကာဇန်အသင်း၏ နည်းပြဖြစ်သူ
ဘီရာလက်တီနော့ဗ်သည် ယခုနှစ်ရာသီအတွင်း ၆ ပွဲမြောက်ရှုံးပွဲ ကြုံတွေခဲ့ရပြီးနောက်
အသင်းနည်းပြရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း အသင်းမှအတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

ရူဘင်ကာဇန်အသင်းသည် ယခုဘောလုံးရာသီသစ်တွင် ခရစ်နိုဒါအသင်းတစ်သင်းတည်းကိုသာ
အနိုင်ရရှိခဲ့ပြီး ၆ ပွဲ အထိ ရှုံးပွဲကြုံတွေ့ခဲ့ ရခြင်းကြောင့် တန်းဆင်းဇုန်အတွင်း ရပ်တည်နေရသည်။

အသက် ၅၈နှစ်အရွယ်ရှိ ရုရှားလူမျိုးနည်းပြဖြစ်သူ ဘီရာလက်တီနော့ဗ်သည်
ရူဘင်ကာဇန်အသင်းအား ပထမဦးဆုံးတာဝန်ယူကိုင်တွယ်ခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင်
ရလဒ်ကောင်းများရယူနိုင်ခဲ့ပြီး ရာသီကုန်တွင် အဆင့်-၅နေရာ၌ ရပ်တည်နိုင်သည်အထိ စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

comments

error: Content is protected !!