ဒဏ်ရာပြဿနာကြောင့် လီဗာပူးနှင့်ပွဲကို ရွန်နီ လွဲချော်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485930482
ဆွမ်ဆီးနှင့်ကစားခဲ့သောပွဲတွင်တွေ့ရသည့် ရွန်နီ

မန်ယူအသင်းခေါင်းဆောင် ရွန်နီသည် တံကောက်ကြောဒဏ်ရာကြောင့်လီဗာပူးအသင်းအား အိမ်ကွင်းတွင် လက်ခံကစားရမည့် ပွဲစဉ်တွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။

ရွန်နီသည် လေ့ကျင့်ရေးကွင်းတွင် ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းက ရွန်နီ၏ဒဏ်ရာသတင်းကို တရားဝင် မထုတ်ပြန်ခဲ့သော်လည်း ရွန်နီမှာ ကြံခိုင်မှုမပြည့်ဝသောကြောင့် လီဗာပူးနှင့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

လီဗာပူးနှင့်ပွဲကို ရွန်နီ လွဲချော်ဖွယ် ရှိနေသောကြောင့် မန်ယူတိုက်စစ်ကို ဖယ်လိုင်နီက ဦးဆောင်မည်ဖြစ်ပြီး ကွင်းလယ်လူ ဟာရဲရားကို ကွင်းလယ်နှင့်တိုက်စစ်ကို ချိတ်ဆက်ပေးသော နောက်ချန်တိုက်စစ်မှူးနေရာတွင် ပွဲထုတ်ဖွယ် ရှိနေသည်။

ဟာရဲရားသည် ဆွမ်ဆီးအသင်းကို ( ၂-၁ ) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ရွန်နီအား ပံ့ပိုးပေးရသော နောက်ချန်တိုက်စစ်မှူးနေရာတွင် ပါဝင်ကစား ပေးခဲ့သည်။

မန်ယူအသင်းသည် လာမည့် အင်္ဂါနေ့ တွင် ပီအက်စ်ဗီအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်တွင် ရွန်နီမပါဝင်နိုင်မည်ကို စိုးရိမ်နေကြောင်းလည်း သိရသည်။ လီဗာပူးနှင့်ပွဲစဉ်တွင် မိုနာကိုအသင်းမှ ခေါ်ယူထားသော လူငယ်တိုက်စစ်မှူးအန်တိုနီမာရှယ်မှာ မန်ယူအသင်းအတွက် ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရဖွယ်ရှိနေသည်။

comments

error: Content is protected !!