ချဲလ်ဆီးက မိမိကို ထုတ်ပယ်လိမ့်မည်မဟုတ်ဟု မော်ရင်ညို ပြောကြား
|
ချဲလ်ဆီးအသင်း၏ ရာသီအစ ရလဒ်များကြောင့် မပျော်မရွင်ဖြစ်နေသော်လည်း အသင်းက မိမိကို ထုတ်ပယ်လိမ့်မည် မဟုတ်ကြောင်း နည်းပြမော်ရင်ညိုက ပြောကြားလိုက်သည်။
ချဲလ်ဆီးအသင်းသည် ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ် ( ၄ ) ပွဲ ကစားပြီးချိန်တွင် တစ်ပွဲသာ အနိုင်ရထားပြီး အမှတ်ပေးဇယားတွင် ရမှတ် ( ၄ ) မှတ်နှင့် အဆင့် ( ၁၃ ) နေရာတွင် ရပ်တည်နေသည်။
“ရာသီအဖွင့်ပွဲ ရလဒ်တွေကြောင့် ကျွန်တော် ပျော်ရွှင်မှု မရှိပါဘူး။ ရာသီအစမှာ အပြောင်းအလဲတွေ လုပ်ခဲ့တာကြောင့် ရှုံးပွဲတွေ တွေ့ ခဲ့ပေမယ့် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော့်ကစားသမားတွေကို ကျွန်တော်ယုံကြည်မှု ရှိသလို သူတို့ကလည်း ကျွန်တော့်ကို ယုံကြည်မှုရှိပါတယ်။ ဒီအခြေအနေဆိုးကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ”ဟု မော်ရင်ဟိုက မီဒီယာများကို ပြောကြားခဲ့သည်။
မ်ာရင်ညိုက အသင်း၏ရလဒ်များ မည်သို့ ပင် ဖြစ်နေစေကာမူ အသင်းမှ ထွက်ခွာမည် မဟုတ်သလို အသင်းကလည်း မိမိကို ထုတ်ပယ်လိမ့်မည် မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းသည် ၂၀၀၆-၂၀၀၀၇ ပရီးမီးယားလိဂ် ရာသီအစတွင်လည်း ယခုကဲ့သို့ ရလဒ်များ ဆိုးရွားမှုကြောင့် မော်ရင်ညိုမှာ အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
Next : လာမည့်အပြောင်းအရွှေ့ ကာလတွင် ကာဗာနီကို အာဆင်နယ် ခေါ်ယူနိုင်မည်