စပါးသို့ ပြောင်းရွှေ့မည်ဆိုသည့် သတင်းများအား စတီဗင်ဂျရတ် ငြင်းဆန်
|
အယ်လ်အေဂလက်ဇီကွင်းလယ်ကစားသမားဖြစ်သူ စတီဗင်ဂျရတ်က ကာလရှည်ကြာကစားခဲ့သည့်
ပရီးမီးယားလိဂ်မှ အသင်းအများစု၏ကမ်းလှမ်းမှုအား လက်ခံရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်
စပါးအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေသည် ဆိုသည့်သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။
လီဗာပူးအသင်းနှင့်အတူ ကာလရှည်ကြာလက်တွဲခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျရတ်သည်
အမေရိကန်မေဂျာ လိဂ်ပွဲစဉ်များပြီးဆုံးချိန်တွင် အခြားထိပ်သီးကစားသမားများနည်းတူ ပရီးမီးယားလိဂ်ထံ
ပြန်လည်ခြေချဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့မှုအပေါ် ကာယကံရှင်နှင့်
မေဂျာလိဂ်ကော်မရှင်အဖွဲ့ဝင်အချို့တို့က မဖြစ်နိုင်ဟု ငြင်းဆန်ခဲ့ကြသည်။
“ပရီးမီးယားလိဂ်အသင်းအများစုရဲ့ စိတ်ဝင်စားခြင်းခံနေရတယ်ဆိုတာ ၀န်ခံပါတယ်။
ဒါပေမဲ့ လီဗာပူးအသင်းကလွဲရင် ဘယ်အသင်းမှာမှ ပြောင်းရွှေ့ကစားမှာမဟုတ်ပါဘူး။
စပါးနည်းပြပိုချက်တီနိုဆိုတာ ပရီးမီးယားလိဂ်ရဲ့ ထက်မြက်တဲ့နည်းပြတစ်ယောက်ပါ။
သေချာတာတစ်ခုကတော့ လီဗာပူးအသင်းကို ပြိုင်ဘက်အဖြစ်ပြန်ရင်မဆိုင်ပါဘူး” ဟု စတီဗင်ဂျရတ်က ဆိုခဲ့သည်။
ကွင်းလယ်လူ စတီဗင်ဂျရတ်အနေဖြင့် လီဗာပူးနည်းပြရော်ဂျာ၏ လက်ထောက်နည်းပြအဖြစ်
တာဝန်ယူပြီး အသင်းအတွက် ထပ်မံပေးဆပ်လိုကြောင်းလည်း ထုတ်ဖော်ပြောကြားထားခဲ့သည်။
Next : ငွေကြေးအတွက် အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ဟု တိုက်စစ်မှူးဘက်ကာ ဖွင့်ဟ