အသင်းအတွက် အာရုံပိုစိုက်ရန် လိုအပ်နေပြီဟု အသင်းသားများကို ဆီဗီလာနည်းပြ သတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
482554492
အသင်းအားညွှန်ကြားနေသည့် အမ်မရီ

ဆီဗီလာနည်းပြဖြစ်သူ အမ်မရီက ဆိုးရွားသည့်ရာသီအဖွင့်ရလဒ်အတွက် စိတ်မကောင်းကြောင်း၊
၃ ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရရှိခဲ့သည်က ဆိုးရွားလွန်းကြောင်း၊ အသင်းသားများအနေဖြင့် အာရုံပိုစိုက်ရန်
လိုအပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားသွားခဲ့သည်။

လာလီဂါပွဲစဉ်-၃အဖြစ် လီဗန်တေးနှင့်သရေကျခဲ့သည့် ဆီဗီလာအသင်းသည် ယခုနှစ်ဘောလုံးရာသီသစ်၌
နိုင်ပွဲလုံးဝပျောက်ဆုံးနေခဲ့ပြီး အဆိုးရွားဆုံးရာသီအစကို ဖြတ်သန်းနေရသည်။

“ပြီးခဲ့တဲ့ရာသီကလို နိုင်ပွဲတွေရဖို့အတွက်  ပိုပြီးအာရုံစိုက်ဖို့ လိုအပ်နေပါပြီ။ ရမှတ် ၂ မှတ်ရရှိထားရုံနဲ့
မလုံလောက်သေးပါဘူး။ နိုင်ပွဲရရှိဖို့အတွက် လုံလောက်တဲ့တိုက်စစ်ဆင် ဂိုးသွင်းမှုတွေလိုအပ်နေတယ်ဆိုတာ
ပွဲရလဒ်တွေက သက်သေပြနေပါတယ် “ဆီဗီလာနည်းပြအမ်မရီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ဟပြောကြားခဲ့သည်။

လာလီဂါအဖွင့်ပွဲစဉ်တွင် မာလာဂါအသင်းနှင့်သရေကျခဲ့သည့် ဆီဗီလာအသင်းသည် ပွဲစဉ်-၂တွင်
အက်သလက်တီကိုအသင်းအား သုံးဂိုးပြတ်အရေးနိမ့်ခဲ့ကာ နောက်ဆုံးကစားခဲ့သည့် လီဗန်တေးနှင့်ပွဲစဉ်တွင်လည် ၁-၁ သရေရလဒ်သာထွက်ပေါ်ခဲ့သည်။

comments

error: Content is protected !!