၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီကို ချဲလ်ဆီးရင်ဆိုင်နေရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487868062
အဲဗာတန်သွင်းဂိုးကြောင့်အောင်ပွဲခံနေသည့် နည်းပြမာတီနက်ဇ်(၀ဲ)နှင့် စိတ်ပျက်နေသည့် မော်ရင်ညို

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်-၅တွင်
အဲဗာတန်အသင်းအား ထပ်မံအရေးနိမ့်ခဲ့ခြင်းကြောင့် ၁၉၈၈-၈၉ ဘောလုံးရာသီနောက်ပိုင်း
၂၇နှစ်အတွင်း အဆိုးရွားဆုံးရာသီအစအဖြစ်  ရင်ဆိုင်နေရပြီဖြစ်သည်။

ချဲလ်ဆီးအသင်းအနေဖြင့် ၁၉၈၈-၈၉ ဘောလုံးရာသီတွင်
အင်္ဂလန်ဒုတိယတန်းအမှတ်ပေးပြိုင်ပွဲရာသီအဖွင့်ပွဲစဉ် ၅ ပွဲကစားခဲ့ရာ၌ ရှုံးပွဲ ၂ ပွဲကြုံတွေ့ခဲ့ရပြီး
၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ အဆိုးရွားဆုံး ရာသီအစအဖြစ် ရင်ဆိုင်ခဲ့ရသည်။

အဆိုပါရာသီက  မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အစရှိသည့်အသင်းများအား
အနိုင်မရရှိခဲ့သည့်  ချဲလ်ဆီအသင်းသည် ယခုနှစ်ပြိုင်ပွဲတွင်လည်း မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းများကို အရေးနိမ့်ခဲ့သည်။

အဲဗာတန်အသင်းအားအရေးနိမ့်ခဲ့သည့်ပွဲစဉ်နှင့်ပတ်သက်၍ နည်းပြမော်ရင်ညို
“နည်းပြသက်တမ်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေဆိုတာ ၀န်ခံပါတယ်။
အသင်းနည်းပြတစ်ယောက်အနေနဲ့ ရလဒ်ကောင်းရဖို့ ပြန်လည်ပြင်ဆင်ရမှာပါ။
လက်ရှိချန်ပီယံအသင်းဖြစ်သလို ကစားသမားတွေရဲ့ကစားပုံကလည်း အကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။
ရလဒ်ကောင်းတွေပြန်ရဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရတော့မှာပါ ” ဟု ပွဲအပြီးတွင် ဖွင့်ဟပြောကြားသွားခဲ့သည်။

comments

error: Content is protected !!