ငွေကြေးအတွက် အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ဟု တိုက်စစ်မှူးဘက်ကာ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485739586
အမ်ပိုလီနှင့်ပွဲတွင် ဂိုးသွင်းယူပြီး အောင်ပွဲခံနေသည့် ဘက်ကာ

အေစီမီလန်အသင်း၏ ကိုလံဘီယာလက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ ဘက်ကာက
အေစီမီလန်အသင်းသို့ပြောင်းရွှေ့ခဲ့ရခြင်းမှာ ငွေကြေးအတွက်ပြောင်းရွှေ့ခဲ့ခြင်းမဟုတ်ကြောင်း၊
အသင်းနှင့်အတူ အောင်မြင်မှုရရှိရန်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားလို၍ ဖြစ်ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

တိုက်စစ်ဘက်ကာသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် စပိန်ကလပ်ဆီဗီလာအသင်းနှင့်
ယူရိုပါလိဂ် ၂ နှစ်ဆက်အောင်မြင်မှု ရရှိခဲ့ပြီးနောက် အီတလီကလပ် အေစီမီလန်အသင်းထံ
ရုတ်တရက်ပြောင်းရွှေ့ခဲ့သည့်အတွက် ဝေဖန်မှုများရှိလာခဲ့ခြင်းအပေါ် ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ် သည်။

“ဆီဗီလာအသင်းကို စွန်ခွာဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ။ ဒါပေမဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ခွန်အားတွေရှိလာခဲ့ပါတယ်။
အထူးသဖြင့် အေစီမီလန်လို အစဉ်အလာရှိအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခဲ့ချင်တာက
အဓိကအကြောင်းရင်းလို့ပြောလို့ရပါတယ်။ သတင်းတွေမှာဖော် ပြနေသလို ငွေကြေးတစ်ခုတည်းအတွက်နဲ့
အေစီမီလန်ကို ပြောင်းရွှေ့ခဲ့တာမဟုတ်ပါဘူး ” ဟု တိုက်စစ်မှူးဘက်ကာက ဖွင့်ဟပြော ကြားသွားခဲ့သည်။

တိုက်စစ်မှူးဘက်ကာအနေဖြင့် ယခုနှစ်စီးရီးအေရာသီအဖွင့်ပွဲစဉ်များတွင် အေစီမီလန်အသင်းနှင့်အတူ
ခြေစွမ်းပြကစားနိုင်ထားခဲ့ပြီး အေစီမီလန်ကစားသမားဘ၀ ပထမဦးဆုံးသွင်းဂိုးအား အမ်ပိုလီနှင့်ပွဲတွင် ရရှိခဲ့သည်။

comments

error: Content is protected !!