ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပဲလေ့စ်နှင့်ပွဲတွင် ဆေးလ်ဗားမပါဝင်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
486208922
ဝက်ဖို့ဒ်နှင့်ကစားခဲ့သည့်ပွဲတွင် တိုက်စစ်ဆင်နေသော ဆေးလ်ဗား

မန်စီးတီး အသင်းကွင်း လယ်လူ ဒေးဗစ် ဆေးလ်ဗားမှာ လေ့ကျင်းရေး ကွင်းတွင်ရ ရှိခဲ့သောခြေကျင်းဝတ်ဒဏ်ရာကြောင့် ခရစ္စတယ်ပဲ လေ့စ် နှင့် ကစားရ မည့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြပယ်လီ ဂရီနီက ပြောကြား သွားခဲ့သည်။
အသက် ၂၉နှစ်ရှိ အဆိုပါ စပိန်လက်ရွေးစင်ကစား သမားသည် ယခုနှစ် ဘောလုံး ရာသီတွင် မန်စီးတီး အသင်း ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲ ဆက်ရန် ၄ ကြိမ်ဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး ၁ ဂိုးသွင်းယူပေးထားသူဖြစ် သည်။
ဆေးလ်ဗား၏ ဒဏ်ရာအခြေ အနေနှင့် ပတ်သက်၍ နည်းပြ ပယ်လီဂရီနီ က”ဆေးလ်ဗားကို အနားပေးထားတာဟာသူ့အတွက် နောက်ထပ်ဒဏ်ရာမရဖို့ရည်ရွယ်တာပါ။ ဂျူဗင်တပ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲမှာတော့ သူပြန်ကောင်း မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြား သွားခဲ့သည်။
မန်စီးတီး အသင်းတွင် ဇာဘလက်တာ၊ ကလစ်ချီ၊ ဒီလပ်တို့ ဒဏ်ရာ ပြဿနာ များနှင့် ရင်ဆိုင် နေရပြီး ဆက်ဂ်ညာ တစ်ဦးတည်းသာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝခဲ့သည်ဟု ပယ်လီဂရီနီက ထပ်မံ ပြောကြား ခဲ့သည်။

comments

error: Content is protected !!