လက်ရွေးစင် အသင်း အတွက် ကစားနေသူအား ဝေဖန်ခြင်းမှာ သနားစရာ လုပ်ရပ်ဟု ဘာစီလိုနာ နည်းပြတုံ့ပြန်
|
ဘာစီလိုနာ အသင်း နည်းပြ လူးဝစ် အန်းနရစ်က နောက်ခံ လူ ပီကေး အနေဖြင့် ဝေဖန် မှုများ ရှိနေသော် လည်း ပရော်ဖက် ရှင်နယ် ပီသစွာ ရင် ဆိုင်ကျော်ဖြတ်နေကြောင်း၊ နိုင်ငံ အသင်း အား ကိုယ်စားပြု ကစားနေသည့် ကစား သမား အပေါ် ဝေဖန်နေသူ များ၏ လုပ်ရပ်မှာ သနား စရာ လုပ်ရပ် ဖြစ်ကြောင်း ပြန်လည်ဝေ ဖန်တုံ့ပြန် ခဲ့သည်။
စပိန် လက်ရွေး စင်နောက်ခံလူ ပီကေး အနေဖြင့် နိုင်ငံမှ ခွဲထွက်ရန်ပြင် ဆင်နေသည့် ကာတာ လန်ဒေသ အတွက် ကိုယ်စားပြု ကစားပေး လိုကြောင်း
ထုတ်ဖော်ပြောကြား ခဲ့သဖြင့် ယူရို-၂၀၁၆ခြေစစ် ပွဲစဉ်တွင် စပိန် ပရိသတ်များ၏ ပြင်းထန် စွာဝေဖန် ရှုတ်ချခြင်းကို ခံနေရသည်။
ထို့အပြင် ပီကေး သည် ပြိုင်ဘက် ရီးရဲလ်အသင်း ဥက္ကဋ္ဌဖြစ်သူနှင့် အပြန် အလှန်ဝေ ဖန်ပြောကြား မှုများပြုလုပ် ခဲ့ခြင်းကြောင့် အက်သလက်တီကို အသင်းနှင့် ယှဉ်ပြိုင် ရမည့် ပွဲစဉ်တွင် မက်ဒရစ် ပရိသတ်များ၏ ပစ်မှတ် ထားလှောင်ပြောင် မှုကို ခံရဖွယ် ရှိနေသည်။
“ပီကေး အနေနဲ့ ဝေဖန် မှုတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နေ ပါပြီ။ ပရော်ဖက် ရှင်နယ် ပီသတဲ့ ကစားသမား တစ်ဦး အဖြစ် နိုင်ငံ အသင်းနဲ့ ကလပ် အသင်း အတွက် အကောင်းဆုံး ကစားပေး ခဲ့တာကို လက်ခံရမှာပါ။ နိုင်ငံ အတွက် ကိုယ်စားပြု ကစားပေးတဲ့ ကစား သမား တစ်ယောက် အပေါ် ဝေဖန်နေ တဲ့ လုပ်ရပ် ကသာ သနားစရာ လုပ်ရပ် တစ်ခုပါ” ဟု ဘာစီလိုနာ အသင်း နည်းပြ လူးဝစ်အန်း နရစ်က ဆိုခဲ့သည်။
ယူရို-၂၀၁၆ခြေစစ် ပွဲစဉ် အဖြစ် ဆလိုဗက်ကီးယား အသင်းအား အနိုင်ရရှိ ခဲ့သည့် ပွဲစဉ်တွင် ပရိသတ်များ၏ ဆိုးရွား စွာဝေဖန် မှုကို ခံခဲ့ရသည့် ပီကေး အပေါ်
ဘာစီလိုနာ ကစား သမားဟောင်းဖြစ် သည့် ဖာဘရီဂတ်စ်၊ ပက်ဒရိုတို့က ကာကွယ်ပြော ဆိုမှုများပြု လုပ်ခဲ့ပြီး ပီကေး အားဝေဖန်နေ မှုများသည် စပိန် လက်ရွေးစင် တစ်သင်း လုံးကို ဝေဖန် သလိုဖြစ်ကြောင်း စပိန် ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်က မှတ်ချက်ပြုခဲ့သည်။
Next : မြန်မာ ယူ-၁၆ နည်းပြနှင့် တွေ့ဆုံမေးမြန်းခြင်း