ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးဆုကို အယောနှင့် ပယ်လီဂရီနီသိမ်းပိုက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485931094
မန်ယူဘက်သို့ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် အယော(ယာ)

ပြီးခဲ့သည့် သြဂုတ်လ၏ တစ်လတာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဆွမ်ဆီးတိုက်စစ်မှူးအယောက သိမ်းပိုက်နိုင်ခဲ့ပြီး
အကောင်းဆုံးနည်းပြဆုက မန်စီးမီးနည်းပြပယ်လီဂရီနီမှ ဆွတ်ခူးသွားခဲ့ကြောင်း သိရှိရသည်။

အသက် ၂၅နှစ်ရှိ  အဆိုပါဂါနာအသင်းခေါင်းဆောင်သည် ဆွမ်ဆီးအသင်းအတွက် သွင်းဂိုး ၃ ဂိုးရယူပေးနိုင်ခဲ့ပြီး ပရီးမီယားလိဂ်ပွဲစဉ် ၄ပွဲ
ကစားပြီးချိန်တွင် အမှတ်ပေးဇယားအဆင့် ၄နေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

မန်စီးတီးနည်းပြပယ်လီဂရီနီမှာမူ ၄ ပွဲကစားပြီးချိန်တွင် ရာနှုန်းပြည့်နိုင်ပွဲဖြင့် အမှတ်ပေးဇယားကို ဦးဆောင်စေနိုင်ခဲ့ပြီး သွင်းဂိုး ၁၀ဂိုး၊
ပေးဂိုးမရှိကစားထားနိုင်ခဲ့သောကြောင့် သြဂုတ်လ၏ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

ဆွမ်ဆီးတိုက်စစ်မှူးအယောမှာ အသင်းဖော်ဂိုမစ်နှင့် မန်စီးတီးမှ တိုက်စစ်အတွဲ ဒါဆေးလ်ဗား-ကိုလာရော့ဗ်အပါအ၀င် မန်ယူမှစမောလင်း၊
လက်စတာမှ မာရက်ဇ်တို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ပယ်လီဂရီနီသည်လည်း ပဲလေ့စ်အသင်း၏ အလန်ပါဂျူး၊ ဆွမ်ဆီးနည်းပြ ဂယ်ရီမောင့်၊
လက်စတာအသင်းမန်နေဂျာရေနီယာရီတို့ကိုဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!