ဆန်းဒါးလန်းနှင့်ပွဲတွင် ဟောင်မင်ဆန်ပါဝင်နိုင်မည်ဟု ပိုချက်တီနို ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487714618
စပါးအသင်းဂျာစီနှင့်တွေ့ရသည့် ဟောင်မင်ဆန်

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် လေဗာကူဆင်အသင်းမှ     ပြောင်းရွှေ့ရောက်ရှိလာသော တောင်ပံကစားသမားဟောင်မင်ဆန်မှာ ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်သည်ဟု စပါးနည်းပြပိုချက်တီနို က ပြောကြားခဲ့သည်။
ထို့အပြင် ပိုချက်တီနိုက အသက် ၂၃ နှစ်ရှိ အဆိုပါတောင်ကိုရီယားကစားသမားမှာ တိုက်စစ်မှူးအဖြစ်ပွဲထွက်နိုင်သူဖြစ်သည်ဟုလည်း ထပ်မံပြောကြားခဲ့သည်။
ပိုချက်တီနိုက”သူဟာ နိုင်ငံအသင်းအတွက် ၃ ဂိုးသွင်းယူပေးထား သလို စပါးအသင်းကိုရောက်ရှိချိန်ကတည်းကစပြီး လေ့ကျင်းရေး အစီ အစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တာတွေ့ရပါတယ်။ သူဟာ ကျောနံပါတ် ၉ ၀တ်ဆင်ကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်သလို ဟမ်းဘတ်မှာ ကတည်းက ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုက်စစ်မှူးစစ်စစ်တစ်ဦးပါ။ လေဗာ ကူဆင်မှာ တခြားပုံစံနဲ့ကစားခဲ့ရပေမယ့် သူဟာ တိုက်စစ်ကစားသမား တစ်ယောက်ပါပဲ”ဟု ပြောကြားခဲ့သည်။
စပါးအသင်းသို့ ဟောင်မင်ဆန်ရောက်ရှိခဲ့ခြင်းသည် တိုက်စစ်မှူး အဒီ ဘာယောမှာ အသင်းစီမံကိန်းတွင်မပါဝင်သူဟု ပြောကြားထားသည့် နည်းပြပိုချက်တီနိုအတွက် အားတက်စရာတစ်ခုလည်းဖြစ်ခဲ့သည်။

comments

error: Content is protected !!