ဒရမ်စတက်နှင့်ပွဲတွင် အရန်အဖြစ်သာ ဟာနန်ဒက်ဇ်ပါဝင်နိုင်ဟု နည်းပြဆို
|
ဘွန်ဒက်စ်လီဂါပွဲစဉ် ၄ အဖြစ် ဒရမ်စတက်နှင့်ယှဉ်ပြိုင်ရမည့်ပွဲတွင် တိုက်စစ်မှူးဟာနန်ဒက်ဇ်မှာ
အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနိုင်သည်ဟု လေဗာကူဆင်အသင်းနည်းပြရော်ဂျာရှမစ်က ပြောကြား သွားခဲ့သည်။
အသက် ၂၇နှစ်ရှိဟာနန်ဒက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့ ကာလတွင် မန်ယူအသင်းမှ ပေါင် ၈.၇၅သန်း၊
၃နှစ်စာချုပ်ဖြင့် လေဗာကူဆင်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းသစ်တွင် ပွဲထွက်ကစားသမားနေရာရရှိရန်
အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမည်ဖြစ်သည်ဟု နည်းပြရော်ဂျာရှမစ်က ဆိုခဲ့သည်။
ရှမစ်က”အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ဟာနန်ဒက်ဇ်ကို ပွဲထွက် ကစားသမားအဖြစ်အသုံးမပြုနိုင်သေးသလို
နောက်ထပ်ကစားသမားသစ်ဖြစ်တဲ့ ကမ်ပဲလ်ကိုလည်း စောင့်ကြည့်ရဦးမှာပါ”ဟု ပြောကြား ခဲ့သည်။
ဟာနန်ဒက်ဇ်ရောက်ရှိလာခြင်းအပေါ် လေဗာကူဆင်ပရိသတ်များနှင့် အသင်းခေါင်းဆောင်ဘန်ဒါအပါအ၀င်
ကစားသမားအားလုံးက နွေထွေးစွာကြိုဆိုခဲ့ပြီး ဘွန်ဒက်စ်လီဂါ၌ ခြေစွမ်းပြမည့်သူအဖြစ် မျှော်လင့်ထားကြောင်းသိရှိရသည်။
Next : ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပဲလေ့စ်နှင့်ပွဲတွင် ဆေးလ်ဗားမပါဝင်နိုင်