ဒီနီပရို နှင့်ယူရိုပါလိဂ်ပွဲစဉ်အား ကွင်းပိတ်ကစားရမည် ဖြစ်ကြောင်း လာဇီယိုအတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474874044
ဒီနီပရိုပရိသတ်များ

ယူရိုပါလိဂ် အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ယူကရိန်းကလပ် ဒီနီပရိုအသင်းနှင့် ပွဲစဉ်တွင် ကွင်းပိတ်ကစားရမည်ဖြစ်သည့် ပရိသတ်များအနေဖြင့် ကြည့်ရှု ခွင့်ရရှိမည်မဟုတ်ကြောင်း လာဇီယိုအသင်းက အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ် ယူရိုပါလိဂ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် ယူကရိန်းကလပ် ဒီနီပရိုအသင်းသည် နာပိုလီအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပရိသတ်များ သောင်းကျန်းခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေအဖြစ် ယူရို ၇၀၀၀၀ ပေးချေခဲ့ရသည့် အပြင် ကွင်းပိတ်ပြစ်ဒဏ်ပါ ချမှတ် ခံခဲ့ရခြင်းကြောင့် လာဇီယိုအသင်းနှင့် ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ်အား ကွင်းပိတ်လက်ခံ ကျင်းပရခြင်းဖြစ်သည်။
လာဇီယို အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဒီနီပရိုအသင်းအနေဖြင့် ဆိုးသွမ်းပရိသတ်များကြောင့် ကွင်းပိတ်ပြစ်ဒဏ်ကျခံနေရကြောင်း၊ ယင်း အတွက်ကြောင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ပရိသတ်များအနေဖြင့် ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဒီနီပရိုအသင်းနှင့် လာဇီယိုအသင်းတို့သည် ယူရိုပါလိဂ်အုပ်စု (ဆ)တွင် ကျရောက်ခဲ့ပြီး ပြင်သစ်ကလပ် စိန့်အက်တီယန်၊ နော်ဝေးကလပ် ရိုစင် ဘော့အသင်းတို့နှင့် တစ်အုပ်စုအတွင်း ကျရောက်လျက်ရှိသည်။

comments

error: Content is protected !!