မန်ယူအသင်းနှင့် ဂိုးသမားဒီဂီယာ စာချုပ်သစ်ချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
481163214
မန်ယူ၏နွေရာသီခြေစမ်းခရီးစဉ်ကတွေ့ရသည့် ဒီဂီယာ

ရီးရဲလ်သို့ပြောင်းရွှေ့ရန် နောက်ဆုံးအချိန်ထိသဘောတူညီမှုမရရှိခဲ့သော ဂိုးသမားဒီဂီယာမှာ မန်ယူအသင်းနှင့် ၄ နှစ်သက်တမ်းရှိ
စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

ဂိုးသမားဒီဂီယာ၏ လက်ရှိစာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုချုပ်ဆိုခဲ့သော ၄ နှစ်သက်တမ်းရှိ
စာချုပ်သစ်တွင် ၁ နှစ်သက်တမ်းထပ်တိုးနိုင်မည့်အချက် ပါဝင်နေကြောင်းသိရသည်။

၎င်းက”နွေရာသီမှာကြုံတွေ့ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ချန်ထားပြီး အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားလုပ်ဆောင်မှာဖြစ်ပါတယ်။
ကျေနပ်မှုတွေနဲ့ မန်ယူကစားသမားဘ၀စာမျက်နှာသစ်တွေကို ပြန်လည်စတင်မှာပါ။
မန်ယူရဲ့ အိုးထရက်ဖို့ဒ်ဟာ ကျွန်တော့်ဘ၀တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ နေရာပါ”ဟု ပြောကြားသွားခဲ့သည်။

ယခုချုပ်ဆိုခဲ့သော စာချုပ်သစ်တွင် ဂိုးသမားဒီဂီယာ၏ တစ်ပတ်လုပ်ခလစာမှာ မူလရရှိနေသည့် တစ်ပတ် ပေါင် ၃၅၀၀၀ ထက်
၆ ဆနီးပါးများပြားသော တစ်ပတ်လုပ်ခ ပေါင် ၂၀၀,၀၀၀ဖြင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းများကဖော်ပြခဲ့သည်။
ထို့အပြင် အဆိုပါဂိုးသမားကိုခေါ်ယူမည်ဆိုပါက ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅သန်း(ယူရို သန်း ၅၀)အသုံးပြုရမည်ဟု
စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းသိရှိရပြီး ငွေကြေးအများအပြားသုံးစွဲနိုင်သည့် ရီးရဲလ်စိတ်ဝင်စားရန် အခွင့်အရေးနောက်တစ်ကြိမ်ဖြစ်စေခဲ့သည်။

comments

error: Content is protected !!