ခရိုအေးရှား နည်းပြသစ် ရာထူး အတွက် လစ်ပီနှင့် ဒိုနာဒိုနီတို့ ရေပန်းစားနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
474374990
လစ်ပီအား တရုတ်နိုင်ငံတွင် တွေ့ရစဉ်

ခရိုအေးရှား ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ အနေဖြင့် လစ်လပ်နေသည့် နည်းပြရာထူး အတွက် အီတလီ လူမျိုးနည်းပြ နှစ်ဦးဖြစ်သည့် လစ်ပီနှင့် ဒိုနာဒိုနီတို့ ရေပန်းစားနေကြောင်း ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်တွင် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းကြောင့် နည်းပြကိုဗက်အား ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ၁၀ရက်အတွင်း နည်းပြတစ်ဦးအား ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေးဗစ်ဆူကာ၏ မှတ်ချက်ပြုပြောစကားကြောင့် ယခုကဲ့သို့သတင်း များထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအနေဖြင့် အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလားအောင်မြင်မှုများ ရရှိခဲ့သည့် ၀ါရင့်နည်းပြဖြစ်သူ လစ်ပီအား နည်းပြအဖြစ် ခန့်အပ်ရန် ပိုမိုစိတ်ဝင်စားလျက်ရှိသည်။
ထို့ပြင် မီဒီယာအချို့၏ ဖော်ပြချက်တွင် လိုကိုမိုးတစ်ဇာဂရက် အသင်းနည်းပြဖြစ်သူ အန်တီကာဆစ်နှင့် ခရိုအေးရှားယူ-၂၁ နည်းပြနီနက်ဒ်ရေ ကန်တို့မှာ နည်းပြသစ်ရာထူးအတွက် ရေပန်းအစားဆုံးသူများတွင် ပါဝင်လျက် ရှိနေကြောင်း သိရသည်။

comments

error: Content is protected !!