ချဲလ်ဆီးဂိုးသမားကော်တိုရစ် ဒူးဒဏ်ရာကြောင့် (၂)လခန့်နားရမည်
|
ချဲလ်ဆီးဂိုးသမားကော်တိုရစ်သည် ဘယ်လ်ဂျီယံအသင်းနှင့် ယူရိုခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်
ပြင်းထန်သည့် ဒူးဒဏ်ရာရရှိခဲ့သဖြင့် (၂)လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။
အသက်(၂၃)နှစ်ရှိ အဆိုပါဂိုးသမားသည် လက်ရွေးစင်အသင်းနှင့် ကစားပြီးနောက်
ချဲလ်ဆီးအသင်းနှင့် ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာမှာ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကော်တိုရစ်ဒဏ်ရာရရှိသွားသောကြောင့် ချဲလ်ဆီးမှထွက်ခွာသွားသည့် ပီတာချက်နေရာအတွက် ပေါင်(၈)သန်းဖြင့်
စတုတ်စီးတီးမှ ခေါ်ယူထားသော ဂိုးသမားဘီဂိုဗစ်ကို အဲဗာတန်နှင့်ပွဲ၌ ထည့်သွင်းအသုံးပြုရတော့မည်ဖြစ်သည်။
ကော်တိုရစ်သည် ချဲလ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖွင့်ပွဲအဖြစ် ဆွမ်ဆီးကိုရင်ဆိုင်ခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ပွဲချိန်(၅၂)မိနစ်၌
တိုက်ရိုက်အနီကတ်ဖြင့်ထုတ်ပယ်ခံရ၍ ပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီးနောက် မန်စီးတီးနှင့်ပွဲကို ဘီဂိုဗစ်ပါဝင်ကစားခဲ့ရသည်။
ထို့နောက်ဝက်စ်ဘရွန်းနှင့်ပွဲတွင် ကော်တိုရစ်ပြန်လည်ပါဝင်နိုင်ခဲ့ပြီး ယူရိုခြေစစ်ပွဲအဖြစ် ဘယ်လ်ဂျီယံအတွက်ကစားစဉ် ဒဏ်ရာရရှိခဲ့သဖြင့်
အမှတ်ပေးဇယားထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိရန်ကြိုးပမ်းနေသော ချဲလ်ဆီးနည်းပြမော်ရင်ညိုအတွက် သတင်းဆိုးဖြစ်ခဲ့သည်။
Next : ပရီးမီးယားလိဂ် ၁ လတာ အကောင်းဆုံးဆုကို အယောနှင့် ပယ်လီဂရီနီသိမ်းပိုက်