နောက်ဆုံးခေါ်ယူမှုကို ကင်စလေကိုးမန်းဖြင့် ဘိုင်ယန်အဆုံးသတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
487566076
လေ့ကျင့်ရေးကွင်းတွင် နည်းပြဂွါဒီယိုလာနှင့်အတူတွေ့ရသည့် ကိုးမန်း

ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်အသင်းသည် ယခုအပြောင်းအရွှေ့ကာလ၏ နောက်ဆုံးခေါ်ယူမှုအဖြစ် ဂျူဗင်တပ်တောင်ပံကစားသမား
ကင်စလေကိုးမန်းကို ၂ နှစ် အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်းသိရှိရသည်။

အသက် ၁၉နှစ်ရှိ အဆိုပါပြင်သစ်လူငယ်ကစားသမားကိုခေါ်ယူရန် အပြောင်းအရွှေ့ပိတ်သိမ်းခါနီး သြဂုတ် ၃၀ရက်ရောက်မှ
ဂျူဗင်တပ်နှင့်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ကိုမန်းက ယခုအပြောင်းအရွှေ့နှင့်ပတ်သက်၍ “ဘိုင်ယန်ကစားပုံက ကျွန်တော်နှစ်သက်တဲ့ပုံစံပါပဲ။ ပြီးတော့ ဒီအသင်းက အောင်မြင်မှုများစွာရရှိထားတဲ့အသင်းပါ။
ဥရောပအသင်းကြီးတချို့မှာ ကျွန်တော်ကစားခဲ့ဖူးပြီး ဘိုင်ယန်ကတော့ ကျွန်တော့်အတွက် အနားယူရမယ့်နေရာမဟုတ်လောက်ဘူး”ဟု ပြောကြားသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၄ ကြိမ်ဆက်ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ရန်ကစားသမားသစ်များခေါ်ယူအားဖြည့်ထားခဲ့ပြီး ကိုးမန်းကို တောင်ပံကစားသမားအဖြစ်သာမက
နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ထည့်သွင်းအသုံးပြုရန်မျှော်လင့်ထားပြီး တောင်ပံကစားသမားများဖြစ်သော ရော်ဘင်နှင့် ရီဘာရီတို့ ဒဏ်ရာရနေချိန်တွင်
ဒေါက်ဂလက်စ်ကော်စတာနှင့်အတူ ပွဲထုတ်ရန်ပြင်ဆင်ထားခြင်းလည်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်ဒါရိုက်တာဆမ်းမားကလည်း”ကိုးမန်းက သွက်တယ်၊ ဘောလုံးအထိန်းအသိမ်းကောင်းတယ်၊ ဖြတ်ထိုးဉာဏ်ကောင်းသလို ပွဲစဉ်တစ်ပွဲအပေါ်မှာလည်း သုံးသပ်မှုမြင့်မားတယ်။
နည်းပြဂွါဒီယိုလာအနေနဲ့ စနေနေ့မှာ သူ့ကိုပွဲထုတ်ရင် အကျိုးများနိုင်တယ်။ နည်းပြကသူ့ကိုပွဲထုတ်ရင် အစွမ်းကုန်ပေါက်ကွဲပြမယ့်သူပါ “ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!