ဘက်တစ်လူငယ်ကစားသမား ကာဘယ်လော့စ်အား စိတ်ဝင်စားသည့်အသင်းများတွင် ချဲလ်ဆီးပါဝင်လာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485744128
ရီးရဲလ်တိုက်စစ်ကိုဟန့်တားနေသည့် ကာဘယ်လော့စ်

ပရီးမီးယားလိဂ် ကလပ်အသင်းကြီး များဖြစ်သည့် လီဗာပူး၊ အာဆင်နယ်အသင်းတို့၏ စိတ်ဝင်စားခြင်းခံနေရသည့် စပိန်ယူ-၂၁လက်ရွေးစင် ဘက် တစ်ကွင်းလယ်ကစားသမားဖြစ်သူ ကာဘယ်လော့စ်အား ခေါ်ယူရန် ပြင်ဆင်နေသည့် အသင်းများတွင် ချဲလ်ဆီးအသင်းလည်း ပါဝင်လာခဲ့ကြောင်း အသင်းမှ သတင်းထုတ်ပြန်ခဲ့သည်။
စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဖြစ်သူ အလွန်ဆိုလက်သစ်အဖြစ် နာမည်ကြီးနေသူဖြစ်ပြီး ကွင်းလယ်ခံစစ်ကစားသမားလိုအပ်နေသည့်
ချဲလ်ဆီးအသင်းအနေဖြင့် အနာဂတ်တွင် မီခေးလ်၊ မာတစ်တို့၏ နေရာတွင် အစားထိုးရန်အတွက် အဆိုပါကစားသမားအား ခေါ်ယူရန်စိတ်ဝင်စား နေခြင်းဖြစ်ကြောင်း ဗြိတိန်အားကစားမီဒီယာတစ်ခုဖြစ်သည့် Metroမှ ဖော်ပြသွားခဲ့သည်။
ဆီဗီလာလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သည့် အသက် ၁၉နှစ်အရွယ်ရှိ အဆိုပါကွင်းလယ်ကစားသမားဖြစ်သူသည် ရီးရဲလ်ဘက်တစ်လူငယ် အသင်းတွင် ခြေစွမ်းပြကစားနိုင်မှုများအတွက် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံနေရသည့်အပြင် စပိန်လက်ရွေးစင်အသင်းကြီးအသင်းတွင် ထွန်းတောက်လာမည့် ကစားသမားအဖြစ် မှတ်ချက်ပြုခံထားရသူဖြစ်သည်။

comments

error: Content is protected !!