ဘင်နီတက်ဇ်မှာ မော်ရင်ညိုထက် ပိုတော်သူဟု ရီးရဲလ်ဥက္ကဋ္ဌချီးကျူး
|
စပိန်ထိပ်သီးရီးရဲလ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူပီရက်ဇ်က အသင်းအားလက်ရှိတာဝန်ယူကိုင်တွယ်နေသည့် နည်းပြဘင်နီတက်ဇ်မှာ
နည်းပြဟောင်းမော်ရင်ဟိုထက် ပိုတော်သည့်နည်းပြတစ်ဦးဖြစ်ကြောင်း၊ ချဲလ်ဆီးအသင်းကဲ့သို့ မော်ရင်ညိုကို
တစ်ကျော့ပြန် တာဝန်ပေးမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ရီးရဲလ်နည်းပြသစ်ဖြစ်သူ ဘင်နီတက်ဇ်အနေဖြင့် ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲတွင် ရှုံးပွဲမရှိရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ခြင်း
ကြောင့် ဥက္ကဋ္ဌဖြစ်သူ၏ ယုံကြည်မှုအပြည့်ရရှိထားနိုင်ခဲ့သည်။
“မော်ရင်ညိုကို တစ်ကျော့ပြန်ခေါ်ယူဖို့အစီအစဉ်မရှိပါဘူး။ အသင်းရလဒ်ကောင်းဖို့အတွက်အမှန်တကယ်လိုအပ်နေရင်တောင်
တခြားနည်းပြတစ်ဦးကိုပဲ အစားထိုးခန့်အပ်မှာပါ။ အဲဒီအတွက် ဘင်နီတက်ဇ်လို ထိပ်တန်းနည်းပြမျိုးကို ပိုင်ဆိုင်ထားပြီးပါပြီ။
ဘင်နီတက်ဇ်က ခန့်အပ်တာဝန်ပေးခဲ့တဲ့နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြတစ်ဦးလို့ပြောလို့ရသလို
မော်ရင်ညိုထက် ပိုတော်တဲ့နည်းပြတစ်ဦးပါ” ဟု ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ဆိုခဲ့သည်။
ဆက်စပ်သတင်းများအရ ရီးရဲလ်အသင်းသည် ဒီပိုတီဗိုအသင်း၏ နည်းပြဖြစ်သူ ဗစ်တာဖာနန်ဒက်စ်အား
လူငယ်အသင်းနည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။
Next : မန်ယူအသင်းနှင့် ဂိုးသမားဒီဂီယာ စာချုပ်သစ်ချုပ်ဆို