ချီယေဗိုနှင့်ပွဲတွင် အနိုင် ၃ မှတ် အရယူရမည်ဟု ဂျူဗင်တပ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
483137396
အီတလီစူပါဖလားသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် အယ်လီဂရီ

ဂျူဗင်တပ်အသင်းနည်းပြဖြစ်သူ အယ်လီဂရီက အဖွင့်ပွဲစဉ် ၂ ပွဲတွင် ရှုံးပွဲဆက်တိုက်ကြုံတွေ့ခဲ့ရခြင်းကြောင့် ချီယေဗိုနှင့်ပွဲစဉ်တွင်
အနိုင် ၃ မှတ်မဖြစ်မနေရယူရန်လိုအပ်နေပြီဖြစ်ကြောင်း၊ အဓိကကစားသမားအများစုအနေဖြင့်လည်း ပွဲထွက်ပါဝင်ကစားရန်
အသင့်ရှိနေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသွားခဲ့သည်။

လက်ရှိအီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းသည် ပွဲစဉ် ၂ ပွဲကစားပြီးခဲ့ရာ၌ အူးဒီးနစ်၊ ရိုးမားအသင်းတို့ကိုအရေးနိမ့်ထားခဲ့ပြီး
အမှတ်ပေးဇယားအဆင့်-၁၇နေရာ၌ ရပ်တည်လျက်ရှိသည်။”အသင်းသားတွေအနေနဲ့ လက်ရှိအချိန်အထိ အမှတ်မရသေးတာကို သတိပြုသင့်နေပါပြီ။
လက်ရှိချန်ပီယံအသင်းအနေနဲ့ ရလဒ်ကောင်းရဖို့အတွက် ပိုမိုကြိုးစားရတော့မှာပါ။ မဖြစ်မနေနိုင်ပွဲလိုအပ်နေပြီဖြစ်သလို
ရမှတ်သုံးမှတ်ရယူနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ခါးသီးတဲ့အရှုံးရလဒ်ကိုချေဖျက်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ဆိုခဲ့သည်။

ဂျူဗင်တပ်အသင်းသည် ၂၀၁၀-၁၁ ဘောလုံးရာသီအဖွင့်ပွဲစဉ်တွင် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် ခြောက်နှစ်မြောက်အကြာတွင်
ယခုကဲ့သို့ရလဒ်ဆိုးများနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။

comments

error: Content is protected !!