နိုင်လိုစိတ်ဟာ တစ်ချက်လောက် ဖွာကြည့်ရုံနဲ့ မသိနိုင်ဘူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
MANCHESTER, ENGLAND - AUGUST 22:  Manchester United Assistant Manager Ryan Giggs speaks to Manager Louis van Gaal (R) at the end of the Barclays Premier League match between Manchester United and Newcastle United at Old Trafford on August 22, 2015 in Manchester, United Kingdom.  (Photo by Tom Purslow/Man Utd via Getty Images)
မန်ယူနည်းပြ လူး​ဝစ်​ဗန်​ဂါးလ် နှင့် လက်ထောက်နည်းပြ ဂစ်

ဒီ​က​မ္ဘာ​ကြီး​ထဲ​ ဘယ်​သူ​မှ​မ​ရှုံး​ချင်၊ ​အ​ရှုံး​ဆို​သော ​အ​သံ​ကို ​တစ်​လုံး​တစ်​ပါ​ဒ​မျှ​ မ​ကြား​လို​ မ​နာ​လို​ကြ၊ ​ဒီ​အ​ရှုံး​ အ​တွက် ​လက်​ညှိုး​ပေါင်း​ တစ်​ထောင်၊ ​မျက်​လုံး​ပေါင်း​ တစ်​သောင်း​လည်း​ လို​ချင်​မှ ​လို​မည်၊ ​ရှုံး​လေ​ပြီ.​ဟု​ မိ​မိ​ကိုယ်​ကိုယ်​ သိ​ရှိ​ခြင်း​မှာ​ပင် ​ဇာတ်​က​ နာ​လိုက်​သည့်​ဖြစ်​ခြင်း။ ​ဘာ​ကြောင့်​ မ​ရှုံး​ချင်​ကြ​ဘူး​လဲ၊ ​ဖြစ်​နိုင်​ခြေ​ အ​များ​ဆုံး​က ​ကိုယ့်​ဂုဏ်​ သိက္ခာ​အ​တွက်..။ ​နိုင်​ငံ​တော် ​သ​မ္မ​တ​ က​နေ ​လမ်း​ဘေး​ သူ​ခိုး​အ​ထိ ​ဘယ်​သူ​မှ​ မ​ရှုံး​ချင်​ကြ။

ပြည်​သူ​တွေ​၏​ ယုံ​ကြည်​ ကိုး​စား​ခြင်း​ မ​ခံ​ရ​တော့​သော​ သ​မ္မ​တ​မှ ​ခံ​စား​တတ်​တာ၊ ​နာ​ကျည်း​ တတ်​တာ​ မ​ဟုတ်၊ ​သူ​ခိုး​မှာ​လည်း ​ထောင့်​ပေါင်း​စုံ​မှ​ ချဉ်း​ကပ်၊​ တွက်​ချက်၊ ​ဝင်​ရောက်​ ခိုး​ယူ​ခဲ့​သည့်​ကြား​က ​ဘာ​မ​ဟုတ်​သည့်​ ထိ​ခတ်​ချက်​လေး​ တစ်​ခု​နှင့်​ ဝိုင်း​အ​ဖမ်း​ ခံ​ရ​သည့်​အ​ခါ ​စိမ့်​နေ​အောင် ​နာ​မှာ​ပဲ။ ​လွတ်​အောင်​ ခိုး​လျက်​ မိ​လေ​ခြင်း..။ ​ဒါ​လည်း​ပဲ ​ရှုံး​နိမ့်​ခြင်း​ ပဲ​ပေါ့။ ​မိ​သား​စု​ အ​တွက်၊ ​မြို့​ရွာ​ အ​တွက်၊ ​တော်​လှန်​ရေး​ အ​တွက်၊ ​ပြီး​တော့ ​က​မ္ဘာ​ကြီး​အ​တွက်..။ ​ရည်​မှန်း​ချက်​တိုင်း​မှာ​ သံ​စဉ်​တစ်​ခု ​တော့​ရှိ​မည်​ ဆို​လျှင် ​အဲ့​ဒီ​သံ​စဉ်​မှာ ​အ​နိုင်​ ရ​ရှိ​ရေး​သာ ​ဖြစ်​ပါ​လိမ့်​မည်။ ​ဒါ​က ​ဘယ်​သူ​မ​ဆို​ ပိုင်​ဆိုင်​အပ်​သော​ နိုင်​လို​စိတ်​ပုံ​ကြမ်း​ပဲ။

သို့​သော် ​အဲ့​ဒီ​နိုင်​လို​စိတ်​ကို​ ပုံ​ဖော်​ကြ​ရာ​မှာ​တော့ ​ကျွန်​တော်​တို့​ တစ်​ယောက်​နှင့်​ တစ်​ယောက် ​ပေး​ဆပ်​နိုင်​စွမ်း ​ထု​ထည်​ချင်း​ တူ​ညီ​ကြ​မည်​ မ​ဟုတ်​ပါ။ ​တစ်​ချို့​ အ​တွက် ​နိုင်​လို​စိတ်​သည် ​လူ​ပျို​ လှည့်​သော​ ည​တစ်​ည​ သာ​သာ။ ​မျက်​နှာ​ တော်​မော်​ဖူး​ခွင့်​ ရ​လျှင် ​နိုင်​ပြီ၊ ​တ​ကယ်​လို့ ​အဲ့​ဒီ​လို ​မ​ဖြစ်​ခဲ့​လျှင် ​အ​ရှုံး​ဆို​ပေ​မယ့် ​ချစ်​သူ ​ရှိ​သော​ လမ်း​ကို​ရောက်​ခဲ့​ပြီ​ ဆို​သော​ အ​သိ​က ​အ​ရင်း​ပြန်​ရ​ သ​လို​ဖြစ်​နေ​ သည်။ ​တစ်​ချို့​ အ​တွက် ​နိုင်​လို​စိတ်​ က​တော့ ​ဒီ​ရော​ဂါ​ အ​တွက်​ ခွဲ​စိတ်​ကု​သ ​ခံ​မ​လား၊ ​ခွဲ​လည်း​ ရှင်​ချင်​မှ​ ရှင်​မည်​ ဆို​ပေ​မယ့် ​လွတ်​မြောက်​ သွား​ခွင့်​ရှိ​ သည်။ ​မ​ခွဲ​လို့​က​တော့ ​သေ​လိုက်​ကြ​ရုံ..။ ​အဲ့​ဒီ​မေး​ခွန်း​ အ​တွက် ​ဆုံး​ဖြတ်​ချက်​ လက်​မှတ်​ကို​ ကိုယ်​တိုင်​ထိုး​ပြီး ​ခွဲ​စိတ်​ခန်း​ ထဲ​တိုး​ဝင်​သွား​ သ​လို​မျိုး​ နိုင်​လို​စိတ်​ ကို​လည်း ​ကျွန်​တော်​ တို့​ငေး​ကြည့်​ နေ​ခဲ့​ဖူး​ ပါ​သည်။ တစ်​ချို့​ အ​တွက်​ နိုင်​လို​စိတ်​သည်​ မီး​လျှံ၊ ​တစ်​ချို့​ အ​တွက်​ နိုင်​လို​ စိတ်​သည်​ထီ​လက်​မှတ်​ တစ်​စောင်၊ ….​လေ​ညင်း​ ခံ​ည​နေ​ခင်း​ တစ်​ခု၊ ….​ရွ​နှ်း​လက်​နွေး​စို​သော​ နှုတ်​ခမ်း​များ။

လူး​ဝစ်​ဗန်​ဂါးလ်​ အ​တွက်​တော့ ​နိုင်​လို​စိတ်​သည် ​ခေတ်​ကြီး​ တစ်​ခု​လုံး​ကို​ တွန်း​လှန်​ချေ​ဖျက်​လျှက် ​မိ​မိ​၏​ တစ်​သီး​တစ်​သန့်​ အ​မည်​ နာ​မ​တော်​အောက်​တွင် ​ရှင်း​လင်း​စွာ ​အောင်​မြင်​ လို​မှု​ဖြစ်​သည်။ ​သူ​သည် ​ဖာ​ဂူ​ဆန်​ အ​လွန်​မန်​ယူ​ ကို​ရ​သည်။ ​ရ​တာ​မှ ​ဒေး​ဗစ်​ မို​ယက်စ်​နှင့်​ စမ်း​သပ်​ခဲ့​ပြီး ​မ​ဖြစ်​နိုင်​မှန်း​ သိ​တော့​မှ ​သင့်​လျော်​သ​လို ​စီ​မံ​တော်​ မူ​ပါ​တော့​ ဟု ​ထိုး​အပ်​လာ​သော ​မန်​ယူ​ဖြစ်​သည်။ ​ငွေ​သုံး​ လို​သ​လား..၊ ​တ​ကယ်​လည်း ​တစ်​ရာ​သီ​ စွန်း​စွန်း​မှာ​ပင် ​ပေါင်​သန်း ၂၃၀ လောက်​ သုံး​စွဲ​ ခဲ့​ပြီး​ပြီ​ဖြစ်​ သည်။ ​က​စား​သ​မား​ ဝယ်​ ရောင်း​ကို ​ဘယ်​လောက်​ အ​ထိ​စိတ်​ကြိုက်​စီ​ရင်​ လို​ပါ​သ​လဲ၊ ​က​စား ​သ​မား​သစ် ​ခေါ်​ယူ​မှု​က ၁၁ ​ဦး​ အ​ထိ​ ရှိ​လာ​ပြီး ​က​စား ​သ​မား​ဟောင်း​များ ​ရှင်း​လင်း​ရေး​က ၁၇ ဦး​ အ​ထိ​ဖြစ်​ခဲ့​သည်။ ​အဲ့​ဒီ​မှာ ​သိ​သာ​တာ​က ​ဖာ​ဂူ​ဆန်​ အ​ရိပ်​မ​မိုး​သော၊ ​ခေတ်​ဟောင်း​ မန်​ယူ​နံ့​ မ​မွှေး​မြ​သော​ အ​သင်း​တစ်​သင်း​ကို ​ဆောက် ​တည်​နေ​တာ ​ပဲ​ဖြစ်​သည်။ ​သူ​လည်း ​နိုင်​လို​တာ ​ပဲ​ပေါ့၊ ​သို့​သော် ​သူ​၏​ ထင်​ရှား​သော ​မာ​န၊ ​ထင်​ရှား​သော ​အ​လင်း​ရောင်​ဖြင့်​ သာ​ အ​နိုင်​ရ​ လို​သည်။ ​အ​ရင်​ မန်​ယူ​နှင့်​ နှိုင်း​ယှဉ်​ သ​မျှ ​ဝေ​ဖန်​ရေး​တွေ၊ ​အ​ကြံ​ပြု​ ချက်​တွေ​ အား​လုံး​ကို​ ဆန့်​ကျင်​ခဲ့​သည်။ ​စ​ကား​ ကုန်​အောင်​ပြော ​ကြ​လျှင်
မ​နှစ်​က​ တည်း​က ​ဒီ့​ထက်​ အောင်​မြင်​ အောင်​လုပ်​ လို့​ရ​သည့်​ နည်း​လမ်း​တွေ ​သူ​မ​သိ၊ ​သူ​မ​ရှိ​ခဲ့​တာ ​မ​ဟုတ်၊ ​က​စား​ သ​မား​သစ်​ ဝယ်​ယူ​ပုံ၊ ​နည်း​ဗျူ​ဟာ​ ချ​မှတ် ​ပုံ​တွေ​ကို​က ​ဗန်​ဂါးလ်​ အ​တွင်း​ခန်း​ကို ​ဖြတ်​သန်း ​စေ​ပြီး​မှ ​တစ်​ခု​ခု​ ထ​ဖြစ်​လာ​ စေ​မည့်​ ရည်​ရွယ်​ ရင်း​တွေ​ တွေ့​နေ​ရ​သည်။ ​ပ​ရိ​သတ်​တွေ​ သည်းမ​ခံ​ နိုင်​ အောင်​ဖြစ်​ခဲ့​ သည်​က ​မန်​ယူ​ အ​ဟောင်း​ အ​ရိပ်​ကို ​မ​နင်း​ချင်​ လည်း​ရှိ​ပါ​စေ၊ ​အောင်​မြင်​မှု​ကို ​တော့ ​စေ့​နေ​အောင်​ တည်​ဆောက်​ စေ​ချင်​သည်။ ​က​မ္ဘာ့​ အ​ဆင့်​ နောက်​ခံ​ အ​တွင်း​ လူ​တစ်​ယောက်​ လို​အပ်​နေ​မှန်း ​အား​လုံး​ သိ​နေ​ သည့်​ကြား​က ​ရ​အောင်​ငြင်း​ခဲ့​ပြီး ​ဘယ်​သူ​မှ ​မ​သိ (​က​ပ္ပ​တိန်​ ကိုယ်​တိုင် ​လည်း ​မ​သိ)​ သည့် ၁၉​နှစ်​သား ​တိုက်​စစ်​မှုး​ မာ​ရှယ်​ကို ​ပေါင်​သန်း ၄၀ နီး​ပါး​ သုံး​စွဲ​ ဝယ်​ယူ​ခဲ့​တာ​ ကို​ကြည့်​လျှင် ​ပ​ရိ​သတ် ​ဆ​န္ဒ​ မှန်​ကွဲ​စ​များ​ ပေါ်​မှာ​ နင်း​ဖြတ်​လို​သည့် ​သူ့​ရ​မ္မက်​ ကို​မြင်​ နိုင်​ပါ ​လိမ့်​မည်။ ​သူ​က​ အ​ချိန်​တောင်း​သည်။ ​မ​ပေး​တော့​ရော ​ဘာ​လုပ်​လို့​ ရ​နိုင်​ကြ​ မှာ​တော့​လဲ။ ​တစ်​ချိန်​မှာ ​သူ​ပြော​သည့်​ ကွဲ​ပြား​ ခြား​နား​ သော​ အောင်​မြင် ​မှု​များ​ ရ​လာ​လျှင်​ အ​ကြောင်း​ မ​ဟုတ်၊ ​တ​ကယ်​လို့ ​မန်​ယူ​သာ​ နစ်​သ​ထက်​ နစ်​လာ​လျှင် ​သူ​၏​ အ​တ္တ​မာ​န​ အ​ခြေ​ပြု​ နိုင်​လို​စိတ်​မှာ ​သံ​သ​ရာ​ အ​ဆက်​ဆက်​ ကျိန်​စာ​များ​နှင့်​ အ​တူ ​မောင်း​ထုတ်​ ခံ​ရ​မည်​မှာ​ မ​လွဲ။

 အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးကို သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် တွေ့ရစဉ်

အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးကို သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် တွေ့ရစဉ်

အာ​စင်​ဝင်း​ဂါး​မှာ​ လည်း ​နိုင်​လို​စိတ်​ ရှိ​တာ​ပဲ။ ​သို့​သော် ​ကျွန်​တော်​တို့​က​ သူ့​အ​တွက်​ နိုင်​လို​စိတ် ​ဆို​တာ ​ပ​ရီး​မီး​ယား​လိဂ်​ ဖ​လား​ပြန်​လည်​ ရ​ရှိ​လို​မှု​ဟု​ အ​ထင်​ရောက်​ခဲ့ ​ကြ​ပေ​မယ့် ​သူ​ကိုယ်​တိုင်​ ပိုင်း​ဖြတ်​ထား​သော ​နိုင်​လို​စိတ် ​ဆို​တာ​က ​နှစ်​စဉ်​ ဘ​ဏ္ဍာ​ရေး ​မြတ်​စွန်း​မှု​ ရှိ​ခြင်း​နှင့်​ ချန်​ပီ​ယံ​လိဂ် ​ဝင်​ခွင့်​ရ​ရှိ​ရေး​ လည်း​ဖြစ်​နိုင်​ ပါ​သည်။ ​အ​များ​နှင့်​ သက်​ဆိုင်​သော ​အ​သင်း​ တစ်​ခု၊ ​နိုင်​ငံ​တော်​ တစ်​ခု​တွင် ​အ​များ​စိတ်​ သ​ဘော​ကို​ ချည်း​ လိုက်​လျော​ နေ​လို့​မ​ရ၊ ​ကိုယ့်​ဘက်​က ​ခိုင်​လုံ​စွာ​ မှန်​ကန်​သော​ ဦး​ဆောင်​မှု​ကို​ လည်း​ပေး​နိုင်​စွမ်း​ ရ​လိမ့်​မည်။ ​ထို့​အ​တူ ​ကိုယ်​သွား​လို​သော​ လမ်း​ကြောင်း​ကို ​ပ​ရိ​သတ် (​ပြည်​သူ)​ တွေ​ ပွင့်​လင်း​မြင်​သာ ​အောင်​တော့ ​ရှင်း​လင်း​ စည်း​နိုင်​စွမ်း​ ရှိ​ဖို့​လို​ပါ​သည်။ ​ဒီ​ရာ​သီ​မှာ ​အဲ့​ဒါ​ကို​ အ​လွယ်​တ​ကူ​ ပင်​ဆန့်​ကျင်​ ငြင်း​ဆန်​ပစ်​ခဲ့ ​ပြန်​သည်။ ​က​စား​သ​မား​ ဝယ်​ရ​မှာ​ကို​သိ​သည်၊ ​ရှေ့​နှစ်​ နှစ်​မှာ ​အို​ဇေးလ်​နှင့်​ ဆန်း​ချက်ဇ်​တို့​ကို​ခေါ်​ ယူ​ခဲ့​ခြင်း​ အ​တွက် ​ရ​လာ​သော​ အောင်​မြင်​ မှု​များ​ကို ​သူ​လည်း​ မက်​သည်။ ​က​စား​သ​မား​ သစ်​ဝယ်​ဖို့ ​လည်း​ ကြိုး​စား​ခဲ့​တာ ​အ​မှန်။ ​သို့​သော် ​ဒီ​ဈေး​ကွက်​ကို​ ရူး​သွပ်​နေ​သော​ ဈေး​ကွက်​ဟု ​သူ​က​ သတ်​မှတ်​ခဲ့​သည်။ ​ဒီ​က​စား​သ​မား​၏​ တန်​ကြေး​ကို​ သူ​က​သာ​ သတ်​မှတ်​ချင်​သည်။ ​ညှိသ​လို​ မ​ဖြစ်​တော့ ​ဘယ်​သူ့​ကို​မှ​ မ​ဝယ်။ ​ပီ​တာ​ဆက်​ခ်ျ​ တစ်​ယောက်​နှင့် ​ကျေ​နပ်​ကြ​ပေ​တော့..။ ​တ​ကယ်​လည်း ​ရှိ​တဲ့​သူ​နှင့် ​ဗိုလ်​စွဲ​နိုင်​အောင်​ သူ​ကြိုး​ပမ်း ​ပါ​လိမ့်​မည်။ ​ဖြစ်​မ​လာ​လျှင်​တော့​ မ​တတ်​နိုင်၊ ​သူ့​နိုင်​လို​စိတ်​ကို ​ဘယ်​တော့​မှ​ မ​ပြောင်း​လဲ​သော ​စီး​ပွား​ရေး​ ပါ​မောက္ခ တစ်​ဦး​အ​မြင်​ဖြင့်​ သာ​ရေး​ခဲ့​သည်၊ ​ရေး​ဦး​မည်။ ​ဆု​ဖ​လား​ ကင်း​မဲ့​သော ​နှစ်​တစ်​နှစ်​ထက် ​ငွေ​ကြေး​မြတ်​စွန်း​မှု​ မ​ရှိ​သော ​နှစ်​တစ်​နှစ်​ကို​သာ​ အ​ရှုံး​ဟု​ သူ​ သတ်​မှတ်​ နေ​ဦး​မည့်​ သ​ဘော။

ချဲလ်ဆီး နည်းပြ မော်ရင်ဟိုကို ချာရတီဒိုင်း ပြိုင်ပွဲ၌ တွေ့ရစဉ်

ချဲလ်ဆီး နည်းပြ မော်ရင်ဟိုကို ချာရတီဒိုင်း ပြိုင်ပွဲ၌ တွေ့ရစဉ်

ဒီ​လို​ပဲ ​မော်​ရင်​ညို​က ​သူ​၏​ နိုင်​လို​စိတ်​ကို ​အ​ရွဲ့​တိုက်​ လို​စိတ်​ဖြင့်​ ရေး​မည့်​ အ​သွင်​သ​ဏ္ဍာန်​ တွေ​မြင်​ တွေ့​နေ​ရ​ပြန်​ သည်။ ​ဒီ​က​စား​သ​မား​တွေ​ဟာ ​ချန်​ပီ​ယံ​ ခြေ​စွမ်း​ မ​ရှိ​ခဲ့​ဘူး ​ဆို​တာ​ကို ​အ​နည်း​ ငယ်​ခံ​ပြင်း​စွာ ​ဒီ​က​စား​ သ​မား​တွေ​နှင့်​ ပင်​ အ​ရောက်​ သွား​ပြ​ဖို့​ မာန်​တင်း​ထား​ပုံ​လည်း​ရ​ သည်။ ​အ​မှန်​က ​မော်​ရင်​ညို​၏​ တ​တိ​ယ ​ရာ​သီ​များ​သည် ​အောင်​မြင်​ လေ့​မ​ရှိ။ ​သို့​သော် ​သူ​၏ ​အ​ရွဲ့​တိုက်​ လို​မှု​ အ​ရင်း​ခံ​ နိုင်​လို​စိတ်​က ​အဲ့​ဒီ​ အ​စဉ်​အ​လာ​ကို​ ချိုး​ဖောက်​ မ​သွား​ဘူး​ ဘယ်​ပြော ​နိုင်​ပါ့​မ​လဲ။ ​ပယ်​လီ​ဂ​ရီ​နီ​က ​အိမ်​စောင့် ​နည်း​ပြ​ တစ်​ယောက်​လို​ ပစ်​ချ​ခံ​ထား​ရ​သော
ရာ​သီ​ကို ​ရွှေ့ချ ​ပြ​လိုက်​လို​သည့်​ ဂုဏ်​သိက္ခာ ​အ​ရင်း​ခံ​ နိုင်​လို​စိတ်​ဖြင့် ​သြ​ဂုတ်​လ​ကို​ ကျ​ကျ​န​န​မှာ​ ယူ​စား​သောက်​ ပစ်​လိုက်​ပြီ။ ​မန်​စီး​တီး​ သည် ​ဒီ​လို​နှင့်​ပဲ ​ဗိုလ်​စွဲ​ရန် ရေ​ပန်း​ အ​စား​ဆုံး​ အ​သင်း​ တစ်​သင်း ​ဖြစ်​လာ​ခဲ့​ပြီ။ ​ဘီ​လစ်​ အ​တွက်​က ​ပ​ထ​မ​ဆုံး​သော​ ပ​ရီး​မီး​ယား​လိဂ်​ ရာ​သီ​မှာ​ပင် ​အောင်​မြင်​အောင်​ လုပ်​ပြ​လိုက်​ချင်​ စမ်း​သည့်​ အ​ရင်း​ခံ၊ ​ရေ​နီ​ယာ​ရီ​ နှင့်​ မ​က္က​လာ​ရင်​ တို့​က ​နောက်​တစ်​ကြိမ် ​ပြန်​အ​လာ​မှာ ​လမ်း​တိုင်း​ကို​ အောင်​မြင်​မှု​နှင့်​ ခင်း​ထား​ချင်​သည့်​ ထွန်း​လင်း​စိတ်၊ ​ဆန်း​ချက်​ ဖ​လော​ရက်ဇ်​က ​သူ​ယူ​လာ​သည့်​ အ​တွေ့​အ​ကြုံ​ ကောင်း​များ​ဖြင့် ​ဝက်​ဖို့ဒ်​လို​ အ​သင်း​ကို​ ပင် ​ရှေ့​ထွက်​ရပ် ​ပြ​နိုင်​သည်​ အ​ထိ ​အိပ်​မက် ​အ​တွင်း​သား​များ။ ​နိုင်​လို​စိတ်​ တွေ​က ​ရှိ​နေ​သည်။ ​နိုင်​လို​စိတ်​ အ​ရင်း​ခံ​တွေ၊ ​တည်​ဆောက်​ပုံ​ တွေ​က​တော့​ မ​တူ​ညီ​ကြ။

တောင်ကိုရီးယား ၌ ကျင်းပခဲ့သည့် ဆောင်းရာသီ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

တောင်ကိုရီးယား ၌ ကျင်းပခဲ့သည့် ဆောင်းရာသီ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

ဒီ​အ​ချိန်​မှာ ​ကျွန်​တော်​တို့​ က​ရော ​ဘာ​ကို​နိုင်​ချင်​ နေ​ကြ​သည်​လဲ၊ ​ဘာ​ကို​ရှုံး​လို့​ မ​ဖြစ်​ဘူး​လဲ၊

ကျွန်​တော်​တို့​ အ​တွက် ​လက်​ရှိ​ ရာ​သီ​က​ရော ​ဘယ်​လို​ ရာ​သီ​မျိုး​လဲ။
ခု​န​က ​ကျွန်​တော်​ ပြော​ခဲ့​သည့်​ နည်း​ပြ​တွေ ​ရာ​သီ​ အ​ကုန်​မှာ ​ရှုံး​ခဲ့​သည်​ ဆို​စေ​ဦး​တော့..၊ ​ပု​ခုံး​ တစ်​ချက်​ တွန့်​ပြ​ လို့​မှ​ မ​ပြီး​သေး၊ ​အ​ခြား​သော ​အ​သင်း​တွေ​က ​သူ​တို့​ကို​ လာ​ရောက်​ ခေါ်​ယူ​ သွား​ကြ​ပေ ​လိမ့်​မည်။ ​သူ​တို့​က ​အေး​ဆေး..။ 

ကျွန်​တော်​ တို့​သည် ​နိုင်​လို​စိတ်​ ပုံ​ကြမ်း​ လောက် ​နှင့်​ ဆုံး​ဖြတ်​လို့ ​မ​ရ​ နိုင်​ကြ​တော့။ ​နိုင်​လျှင် ​ကောင်း​ သည်​ပြော​ နေ​ရုံ​နှင့်​ မ​ပြီး၊ 

မ​နိုင်​လောက် ​သည့်​ အ​ကြောင်း ​တ​ရား ​တွေ၊ ​အဲ့​ဒါ​ကို​ လုပ်​ကြံ​ ဖန်​တီး​သူ​ တွေ​အား ​အ​ပြစ်​တင်​ နေ​ရုံ​နှင့်​ ကျေ​နပ်​ နေ​ကြ​ရ​မည့်​ အ​ချိန်​မ​ဟုတ်​တော့။ 

ဒီ​တစ်​ခါ​ ရှုံး​နိမ့်​လျှင် ​ကျွန်​တော်​ တို့​သာ​မ​ဟုတ်၊ ​ကျွန်​တော်​တို့​ မျိုး​ဆက်​များ​ ကို​ပါ ​အ​ရှုံး​တွေ ​လက်​ဆင့်​ ကမ်း​ကြ​ရ ​ဦး​တော့​မည်။ 

ကျွန်​တော်​တို့​ နိုင်​ရ​မည်။ ​နိုင်​အောင်​သွား​ဖို့​ အ​ခွင့်​အ​ရေး​လည်း​ ရှိ​နေ​သည်။

သံ​သ​ယ​ဖြင့်​ အ​ပြင်​ ထွက်​ရပ်​နေ​လျှင် ​နောက်​ဆုံး​ သ​မိုင်း​မှာ ​ကျွန်​တော်​ တို့​နှင့် ​ကျွန်​တော်​တို့​ ဆွေ​စဉ်​မျိုး​ဆက်​တစ်​ခု​လုံး ​တ​ရား​ခံ​ ဖြစ်​သွား​နိုင်​ပါ​သည်။

ဒါ​ပေါ့..၊ ​အဲ့​ဒီ​နိုင်​လို​ စိတ်​ဓား​ရိုး​ကို ​ခင်​ဗျား​ ဆုပ်​ကိုင်​ ထား​ပြီ​ပဲ၊ 

ရှုံး​လို့​မ​ဖြစ်​ခြင်း​ ဓား​အိမ်​ထဲ​က​ ဆွဲ​ထုတ်​လိုက်​ပေ​တော့..။

N ကြယ်မင်း။

comments

error: Content is protected !!