ချဲလ်ဆီးနှင့်စပါး ကွင်းများ မွမ်းမံမည့်ကာလတွင် ၀င်ဘလေကွင်းအသုံးပြုခွင့်ရမည်
|
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)၏ အမှုဆောင်ချုပ်မာတင်ဂလင်းက ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၎င်းတို့၏အိမ်ကွင်းများဖြစ်သော စတမ်းဖို့ဒ်ဘရစ်ခ်ျနှင့် ၀ှိုက်ဟတ်လိန်းတို့အား ပြန်လည်မွမ်းမံပြင်ဆင်မည်ဆို ပါက အက်ဖ်အေ၏လုပ်ထုံးလုပ်နည်းများတွင်ပါဝင်သော ထောက်ပံ့ကူညီခြင်းနှင့် တာဝန်သိမှုဆိုသည့်အချက် ဖြင့် ၀င်ဘလေကွင်းကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအား ပရိသတ်(၆၀၀၀၀)ဆံ့ကွင်းအဖြစ် ပေါင်(၅၀၀)သန်းသုံးစွဲ၍ ပြန်လည်မွမ်းမံမည်ဆိုပါက ပြီးစီးရန်အချိန် (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းမှာလည်း (၂၀၁၇-၁၈)ရာသီတွင်မှပြီးစီးနိုင်ဖွယ်ရှိသည်။
ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၀င်ဘလေကွင်းကို အသုံးပြုမည်ဆိုပါက မြို့တော်တည်နေရာအရ (၂)သင်းလုံးအတွက် ဘဏ္ဍာရေးအကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်သည်။
မာတင်ဂလင်းက “ကလပ်အသင်းတွေအပေါ်ဝေဖန်အကြံပြုမှုတွေမလုပ်ပေးနိုင်ပေမယ့် ကျွန်တော်တို့ပါဝင်မှုမှာ သူတို့အခွင့်အလမ်းကောင်းရမယ်ဆိုရင် ကူညီဖို့အသင့်ပါပဲ။ ငွေကြေးကုန်ကျမှုနည်းပါးဖို့နဲ့ အကျိုးအမြတ်ပိုရဖို့ အက်ဖ်အေကလုပ်ဆောင်ပေးနိုင်ပါတယ်”ဟုပြောကြားခဲ့သည်။
Next : ဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်ကြိုးစားနေ