ပဲလေ့စ်နောက်ခံလူဂျိုးဝက်ဒ် ဒူးဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲလွဲမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
485211920
ကက်ပီတယ်ဝမ်းဖလားပွဲတွင်တွေ့ရသည့် ဂျိုးဝက်ဒ်

ခရစ္စတယ်ပဲလေ့စ်အသင်း၏ အဓိကနောက်ခံလူဖြစ်သူ ဂျိုးဝက်ဒ်သည် လေ့ကျင့်ရေးကွင်းအတွင်း ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရက်သတ္တပတ်လေးပတ်ခန့်အထိအနားယူရတော့မည်ဖြစ်ရာ မန်စီးတီးအသင်းနှင့်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း နည်းပြအလန်ပါဂျူးက အတည်ပြုပြောကြားခဲ့သည်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည်ပွဲစဉ်တွင် အသင်းအတွက်အရေးပါသည့် အနိုင်ဂိုးအား သွင်းယူပေးခဲ့သည့် နောက်ခံလူ ဂျိုးဝက်ဒ်သည် ပရီးမီးယားလိဂ်ပွဲစဉ်လေးပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။

“ဂျိုးဝက်ဒ်ကို မန်စီးတီးနဲ့ပွဲစဉ်မှာ အသုံးပြုလို့မရတော့ပါဘူး။ လေ့ကျင့်ရေးကွင်းမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖို့ရှိနေပါတယ်။ မန်စီးတီးနဲ့အရေးကြီးပွဲစဉ်မှာ ဂျိုးဝက်ဒ်ကို အသုံးပြုခွင့်မရတာက အသင်းအတွက် အဓိကထိုးနှက်ချက်တစ်ခုပါပဲ” နည်းပြအလန်ပါဂျူးက ဆိုခဲ့သည်။

ပဲလေ့စ်အသင်းအနေဖြင့် လက်ရှိအချိန်တွင် ဒဏ်ရာရကစားသမားအချို့များပြားနေပြီး ပြင်သစ်ကွင်းလယ်ကစားသမားဖြစ်သူ ကာဘာယီမှာလည်း ပေါ်တူဂီအသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် မန်စီးတီး အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခွင့်ရရန်မသေချာသည့်အခြေအနေနှင့်ရင်ဆိုင်နေရသည်။

comments

error: Content is protected !!